Connect with us

Hi, what are you looking for?

သတင်း

သီလဝါဆိပ်ကမ်းမှာ ဆီတင်ယာဥ်​တွေကိုစက်သုံးဆီထုတ်မပေးပဲရပ်ထားဟုလုပ်ငန်းရှင်အချို့​ပြော

ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးအသီးသီးကရရှိထားတဲ့ စက်သုံးဆီခွဲတမ်းတွေကို သီလဝါဆိပ်ကမ်းကနေ ဆီသည်​​ဘောက်ဆာယာဥ်​တွေကို စစ်​ကောင်စီက ထုတ်မပေးဘူးလို့ စက်သုံးဆီလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

(၂၀၂၃ ခုနှစ်ကလည်း ဆီတင်ယာဥ်​တွေကို ရက်အတန့်ကြာဆီထုတ်မ​ပေးလို့ သီလဝါဆိပ်ကမ်းမှာကား​တွေတန်းစီ​စောင့်​နေစဥ်။ဓါတ်ပုံ-CJ)

မတ်-၁၃၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးအသီးသီးကရရှိထားတဲ့ စက်သုံးဆီခွဲတမ်းတွေကို သီလဝါဆိပ်ကမ်းကနေ ဆီသည်​​ဘောက်ဆာယာဥ်​တွေကို စစ်​ကောင်စီက ထုတ်မပေးဘူးလို့ စက်သုံးဆီလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

သီလဝါဆိပ်ကမ်းက​နေ စက်သုံးဆီထုတ်မ​ပေးတာ ၄ ရက်ခန့်ရှိ​နေပြီဖြစ်ပြီး စက်သုံးဆီထုတ်ယူဖို့ ဆီဘောက်ဆာကားတွေတန်းစီစောင့်ဆိုင်းနေရတယ်လို့ သူတို့က​ပြောပါတယ်။ ​ဒေသအလိုက်ဆီဆိုင်​တွေအတွက်ခွဲတမ်း စက်သုံးဆီ​တွေကို သီလဝါဆိပ်ကမ်းမှာ လာထုတ်ကြရတာဖြစ်ပါတယ်။

“ဘာကြောင့်မထုတ်ပေးလဲတော့ မသိဘူး။ စက်သုံးဆီအသင်းကိုမေးတော့လည်း ဘာမှရေရေရာရာမပြောဘူး။ စက်သုံးဆီနဲ့‌ပတ်သက်ပြီး အပေါ်ကတော့ တောက်လျှောက်တင်းကြပ်နေတာပေါ့။ လက်ရှိ ရှိနေသေးတဲ့စက်သုံးဆီတွေကလည်း ဘယ်လောက်ထိ ခံမလဲဆိုတာတော့မပြောတတ်ဘူး။ သိထားရ‌သလောက်တော့ အရန်စက်သုံးဆီတွေက သိပ်မကျန်တော့ဘူး။ သူတို့ဖြေရှင်းပုံကမှားနေတယ်။ ဆီကပြတ်သွားနိုင်တယ်” လို့ စက်သုံးဆီလုပ်ငန်းရှင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီချွေတာဖို့ဆိုပြီး မတ် ၇ ရက်ကစပြီး ကားတွေကို စုံ/မအလှည့်ကျစနစ်နဲ့ မောင်းဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် QR Code စနစ်နဲ့ တစ်ရက်မှတစ်ကြိမ်ပဲ စက်သုံးဆီဝယ်ယူရမယ် ၊တစ်ရက်လျှင် ၅၀၀၀၀ ဖိုးသာ ဝယ်ရမယ်လို့ ထပ်မံကန့်သတ်ထားတယ်လို့ ယာဉ်မောင်းတွေကပြောပါတယ်။

အဆိုပါ QR Code စနစ်နဲ့ စက်သုံးဆီခွဲတမ်းဝယ်

ယူရာမှာလည်း အခက်အခဲတွေကြုံတွေ့နေရပြီးအဆင်မပြေဘူးလို့ ဆီဝယ်ယူခဲ့သူအချို့က​ပြောပါတယ်။

ဒါ​ပေမယ့် စစ်ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူဗိုလ်

ချုပ်​ဇော်မင်းထွန်းက စက်သုံးဆီအရန်ဆီ ရက် ၄၀ စာကျန်​သေးပြီး ဆီတင်သင်္ဘောဆယ်စီး​ကျော်လာဖို့ရှိတယ်လို့ မတ်လ ၄ ရက်ကဆိုပါတယ် ။စစ်​​ကောင်စီ ဆီမှာ အရန်ဆီ ရက် ၄၀ စာရှိတယ်ဆိုရင်​တောင်သူ​​ပြောထားတာ ဆယ်ရက်ရှိပြီမို့ ရက် ၃၀ စာပဲကျန်​တော့တယ်လို့ ယူဆရမယ့်သ​​ဘောဖြစ်ပါတယ် ။

ပြည်သူ​တွေက​တော့ စစ်​ကောင်စီ​ပြောတာကိုမယုံသလို စစ်အုပ်စုကလည်း ဆီ​ရောင်းချတာကိုတ

ဖြည်းဖြည်းနဲ့ပိုကန့်သတ်တင်းကြပ်လာတဲ့အတွက် ဆီပြတ်မှာကိုစိုးရိမ်​နေကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။