Connect with us

Hi, what are you looking for?

သတင်း

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီရွှေအသင်း သတ်မှတ်ထုတ်ပြန်

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတ်မှတ်လိုက်ပါတယ်။

ပြည်တွင်းရွှေအရောင်းဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မတ်-၁၅ ၊ ၂၀၂၆။ မိုမို/People’s Spring

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတ်မှတ်လိုက်ပါတယ်။

ရွှေ၊ ရွှေကြမ်းနဲ့ လက်ဝတ်ရတနာပစ္စည်းတွေရဲ့ အလျော့တွက်နှုန်းထားတွေကို စိစစ်အတည်ပြုတာနဲ့ ပတ်သက်ပြီး ရွှေဆိုင်တွေ လိုက်နာရမယ်လို့ YGEA ရဲ့ မတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်စာက ဆိုပါတယ်။

ဆွဲသီး၊ နားကပ်၊ ကလစ်၊ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးနဲ့ ဟန်းချိန်း အစရှိသဖြင့်အမျိုးအစားခွဲထားပါတယ်။ ရွှေတစ်ကျပ်သား ၁၆ ပဲ ၊ တစ်ပဲကို ရှစ်ရွေး ရှိတာကြောင့် တစ်ကျပ်သားက ၁၂၈ရွေးရှိပါတယ်။

Public Service Announcement

Public Service Announcement

အခု အသစ်သတ်မှတ်လိုက်တဲ့ အလျော့တွက်လက်ခက ၂ပဲတင်နဲ့အောက်ရှိတဲ့ ဆွဲသီးရဲ့ အလျော့တွက်ဟာ ၁ ပဲ ၁ ရွေး၊ ၄ ပဲတင်နဲ့အောက်ကို အလျော့တွက် ၂ ပဲ ကို ဝယ်ယူသူတွေက ပေးရမှာဖြစ်ပါတယ်။

ရွှေလက်ကောက်ရဲ့အလျော့တွက်တွေအရလည်း ပြောင်လက်ကောက်ဆိုရင် ၂ ပဲတင်နဲ့အောက်ကို ၇ ရွေး၊ ၄ပဲတင်အောက်ကို ၁ ပဲငါးရွေး နဲ့ တကျပ် သားနဲ့အောက်ကို ၄ ပဲ ၆ ရွေး လို့ သတ်မှတ်ထားပါတယ်။

“အပြင်ပေါက်စျေး သိန်းတစ်ရာကျော် အတိုင်းနဲ့ ဆိုရင် အလျော့တွက် နည်းနည်းပဲယူလို့ရပေမယ့်ဘောင်ချာထဲမှာ စစ်တပ်သတ်မှတ်စျေးပဲ ရေးရတော့ စစ်တပ်နဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေပေါင်းပြီး အခုလို အလျော့တွက် စျေးတွေ တော်တော်တိုးယူလိုက်တာ”လို့ ပြင်ပရွှေစျေး ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

YGEA ရဲ့ ၁၆ ပဲရည် တစ်ကျပ်သားရည်ညွှန်းစျေး က ၇၁ သိန်းနဲ့ ရွှေဆိုင်တွေကို အရောင်းအဝယ်ပြုလုပ်ခိုင်းတာဖြစ်ပေမယ့် အခုလို အလျော့တွက် လက်ခထက်ဝက်ယူနိုင်မယ့်သတ်မှတ်ချက်ကြောင့် တစ်ကျပ်သားရှိမယ့် လက်ဝတ်ရတနာရွှေစျေးက သိန်း တစ်ရာကျော်ရှိမှာဖြစ်ပါတယ်။

ပြင်ပရွှေစျေးကွက်မှာလည်း တစ်ကျပ်သားကို ကျပ်သိန်း တရာ့ခုနှစ်သိန်း နဲ့ တရာ့ကိုးသိန်းကြားရှိပါတယ်။

“အရင်က ငါးမူ(ရှစ်ပဲ)ရှိတဲ့ ဟန်းချိန်းရဲ့ အလျော့ တွက်လက်ခက လေးရွေး၊ငါးရွေး အလွန်ဆုံးပဲ”လို့ ပန်းတိမ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်

မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေးကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့်လို့ အသိပေးပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး တစ်ဒေါ်လာငွေလဲနှုန်း ၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် နဲ့ အရောင်း ကျပ် ၄,၁၀၀ ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။