Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် စစ်တပ်စခန်းက ရဲနှစ်ဦးလက်နက်တွေယူပြီး အလင်းဝင်လာ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း စစ်တပ်စခန်းကနေ ရဲနှစ်ဦးလက်နက်တွေယူပြီး အလင်းဝင်လာတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဓာတ်ပုံ - နေပြည်တော် တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃

မတ်-၁၅၊ ၂၀၂၆။ မိုမို/Peoples Spring

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း စစ်တပ်စခန်းကနေ ရဲနှစ်ဦးလက်နက်တွေယူပြီး အလင်းဝင်လာတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် ၈၀၃ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ရေတာရှည်မြိုနယ်၊ ဆွာမကြီးကျေးရွာမှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကော်စီတပ်စခန်းကနေ ရဲနှစ်ဦးက ဇန်နဝါရီ ၃၀ ရက်က အလင်းဝင်လာတာလို့ ဆိုပါတယ်။

ရဲတပ်ကြပ် ထက်မိုးဟိန်းနဲ့ ရဲတပ်သား ကျော်စွာ တို့ဟာ G3 သေနတ် နှစ်လက်၊ ကျည်ဘောက် ရှစ်ခုကျည် (၁၀၀)နဲ့ ကျည်ကာဝတ်စုံ နှစ်ခု ယူဆောင်လာတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်တိုင်းစစ်ဌာနကနေ ရဲတပ်သားနှစ်ဦးကို ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ကာ ပြည်ပမှာ အလုပ်အကိုင်ရရှိ၊ နေနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အဲဒီ ကိစ္စတွေ ဆောင်ရွက်နေတာကြောင့် အလင်းဝင်ရောက်မှုသတင်းကို ထိန်းသိမ်းလျှို့ဝှက်ထားခဲ့ရတာလို့လည်း ဆိုပါတယ်။

“ ရွာထဲမှာ ဖြန့်ထားပြီး ခံစစ်သေ ယူထားတဲ့ပုံစံမျိုး” လို့ ဆွာမကြီးရွာမှာ စစ်တပ်အခြေစိုက်ထားတာနဲ့ပတ်သက်လို့ တပ်ရင်းအမှတ် ၈၀၃ တာဝန်ရှိသူက ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနဖူးမှာရှိတဲ့ ဆွယမကြီးရွာကို ပြီးခဲ့တဲ့သုံးလဝန်းကျင်က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ဖူးပါတယ်။

၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်အထိ စစ်တပ်ဘက်က အလင်းဝင် ပူးပေါင်းတာနဲ့ လက်နက်ချတဲ့စစ်သုံ့ပန်း သုံးထောင်နီးပါးရှိတယ်လို့ စစ်တပ်ဆီကနေ ဘက်ပြောင်းလိုသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပြည်သူများနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုနှင့် သံဃာတစ်ပါးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးသည်။

သတင်း

စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး‌နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။