Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDFများ စောင့်ကြိုတိုက်ခိုက်

စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော

တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − RTC

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းဖြစ်သည့် တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ၂၂ရက်) ည ၉နာရီ ၄၅မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေကြသော အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်သားများကို RTCစစ်ကြောင်းမှ ရဲဘော်များက သွားရောက်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)က သတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် နှောပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများအား စစ်ကူပေးရန် ကျွန်းတောကုန်းကျေးရွာမှ စစ်ကူထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

RTC စစ်ကြောင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲအပြီးတွင် ကတို့ကုန်းကျေးရွာဘက်မှ မန်ကျည်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာကြောင်း သိရ၍ ပြည်သူများ အသွားအလာ အနေအထိုင်ဆင်ခြင်ကြရန် သတိပေးထားသည်။

“ လက်ရှိမှာ မနေ့ညက ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ အနေနဲ့ အကြမ်းဖက် စကစဘက်က အင်အားဖြည့်တင်းတာတွေ စစ်ကူပေးတာတွေ ရှိလာတာကြောင့်မို့ စစ်ရေးလှုပ်ရှားမှုတော့ထပ်မံ ဖြစ်ပေါ်လာစရာ ရှိပါတယ်”ဟု RTCစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

ယမန်နေ့ညက ဖြစ်ခဲ့သည့်တိုက်ပွဲကို ရဲဘော်သမန်းကျား ဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရဲဘော်များနှင့်အတူ အမျိုးသမီးရဲဘော် ၆ဦးလည်း စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်ခဲ့ဟု RTC စစ်ကြောင်းက ထုတ်ပြန်သည်။

RTC စစ်ကြောင်း၏ စစ်ဆင်ရေးအတွင်း အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ကိုအီဗယ်က ပြောသည်။

RTC စစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်များအနေဖြင့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဖက်ခြမ်းစိုးမိုးနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်းလည်း အသိပေးသည်။

“လက်ရှိ အခြေအနေဟာဆိုရင် ကျနော်တို့အနေနဲ့ သွားရောက် စစ်စကားနေရတဲ့အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီး စိုးမိုးထားနိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး‌နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

သတင်း

ဇူလိုင် ၁၀ ရက် နံနက်ပိုင်းကလည်း အဆိုပါကျွဲရိုင်းပြင်တံတားဂိတ်ကို PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦးထိခိုက်မှုရှိခဲ့သည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃) နေ့လယ် ၂ နာရီခွဲခန့်က ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူး ကျေးရွာဘက်သို့ အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။