Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် နှစ်ရက်ဆက်တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

တိုက်ပွဲအတွင်း ကျဆုံးရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း (၉၀၁)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

နှစ်ဘက်တိုက်ပွဲများမှာ ဇန်နဝါရီလ ၂ ရက်နှင့် ၃ ရက်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာများအနီးဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပုဝါနီစစ်ကြောင်းမှ ရဲဘော်ငါးဦး၊ နေပြည်တော် PDF တပ်ရင်း (၉၀၁)မှ ရဲဘော်သုံးဦး အသီးသီးကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာတပ်ရင်းများက လူထုနွေဦးသို့ အတည်ပြုသည်။

“စစ်ကြောင်း သုံးကြောင်းကြား ပိတ်မိသွားတာ”ဟု ပုဝါနီစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ရေလွှဲနှင့် ပိန္နဲပင်ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်း သုံးကြောင်းခွဲဝင်ရောက်လာခြင်းဖြစ်ပြီး နှစ်ဘက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“စခလည်း ထိခိုက်မှုရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ လက်ရှိ ရန်သူ့ဘက်က အင်အားတွေ ထပ်ဖြည့်နေတယ်”ဟု နေပြည်တော် PDF တပ်ရင်း (၉၀၁)တပ်ရင်းမှူးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၄ ရက်)နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်က တောင်ငူမြို့မှ စစ်ကြောင်းအချို့ကိုပါ အင်အားထပ်ဖြည့်၍ ရေနီရွာအရှေ့ဘက်နှင့် သက်ကျိန်းရွာအနီးဝန်းကျင်၌ ဆက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် နေပြည်တော်အမြန်လမ်းမကြီးနှင့် (၁၀)မိုင်ခန့်သာဝေးသည့်ကျေးရွာများ၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ခန့်သေဆုံးပြီး တော်လှန် ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။