Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ကချင်ဒေသခံတွေကို ဟုမ္မလင်းလေတပ်လေကြောင်းအန္တရာယ် KIAသတိပေး

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပါတယ်။

၂၀၁၉က စစ်တပ်တိုက်လေယာဉ်နှစ်စင်း စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်နေစဉ်။ ဓာတ်ပုံ-AFP

မတ်-၁၇၊၂၀၂၆။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပါတယ်။

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီနဲ့ လက်တလော မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်က ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ အင်းတော်ကြီးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူး၊ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ကောလင်း၊ ဝန်းသို၊ တန့်ဆည်၊ ကျွန်းလှနဲ့ ထီးချိုင့်မြို့နယ်တွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေအများဆုံးအသုံးပြုခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

” အခုအချိန်မှာ နေရာတော်တော်များများမှာ စစ်ကော်မရှင်က တိုက်ပွဲဖော်ဆောင်နေပါတယ်။ အထူးသဖြင့် လေကြောင်းအန္တရာယ်ကို သတိပေးလိုပါတယ်။ ဟုမ္မလင်းလေတပ်ကနေတက်လာတာတွေက သတိပေးချိန် နည်းပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့က ဝေဟင်သတင်းတွေ ပိုပြီးနားစွင့်နေဖို့‌ ပြောလိုပါတယ်”လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟုမ္မလင်းမြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားတဲ့ရွှေပြည်အေးမြို့နဲ့အနီးဆုံးမှာရှိနေပြီး မော်လူး၊၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ကျွန်းလှ၊ပင်လည်ဘူးနယ်၊ဖောင်းပြင်၊မော် လိုက်၊ ခမ်းပါတ်နဲ့တမူးမြို့နယ်တွေနဲ့လည်း လေမိုင်အနီးဆုံးမှာရှိနေပါတယ်။၂၀၂၆မှာ လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်လာလို့ ပြည်သူတွေအနေနဲ့ ခိုင်မာတဲ့ဗုံးခိုကျင်းတွေတူးထားကြဖို့ ကာကွယ်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်က ဟုမ္မလင်းလေတပ်ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ပုံကြဲတဲ့အတွက် ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ကျေးရွာကို ဗုံးကြဲလို့ အရပ်သား ၅ဦး၊ ကာကွယ်ရေးရဲဘော်၂ဦးသေဆုံးခဲ့ပါတယ်။ မတ်လ၁၀ရက်နေ့ကလည်း ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူကြားက ရွှေမျှောဖောင်တွေကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားတွေထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ကျွန်လှမြို့နယ်ထဲက သဖန်းဆိပ်ဆည်အနီးရွာတွေကို ပစ်မှတ်ထားပြီးဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ လတ်တလောစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောကြားရာမှာ ဗန်းမော်မြို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဖားကန့်၊ ဝိုင်းမော်နဲ့ အင်းတော်ကြီးဒေသမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

” ကျတော်တို့ KIOအနေနဲ့ ထိုးစစ်ဆင်တာမရှိပါဘူး။ ခုခံစစ်ပွဲတော့ ရှိပါတယ်။ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်းကို သတိထားဖို့လိုပါမယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။