Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်တော်ခေါ်ပြီး ၃ရက်မြောက််နေ့မှာ လျှပ်စစ်မီးအချိန်ပိုင်း ပြန်ပေး

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

လျှပ်စစ်မီးဖြန်ဖြူးဖို့ သွယ်တန်းထားတဲ့ တိုင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ

မတ်-၁၈၊ ၂၀၂၆ ​ဇေအောင်/People’s Spring

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

စစ်ကောင်စီက လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတာကို အကြောင်းပြကာ ဝန်အားထိန်းညှိတဲ့အနေနဲ့ ဒီကနေ့ မတ်လ ၁၈ ရက်ကစပြီး လျှပ်စစ်မီးကို ခွဲတမ်းနဲ့သာမီးပေးတော့မယ်လို့ စစ်တပ်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာပါတယ်။

အလှည့်ကျစနစ်နဲ့ ဖြတ်တောက်တာကို မတ်လကနေ ဇွန်လအထိ လေးလကြာ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

Public Service Announcement

Public Service Announcement

“မတ်လကနေစပြီး တစ်ရက်ရှစ်နာရီပေးမယ်ပြောတယ်။ မေလအထိတဲ့။ မေလနောက်ပိုင်းက တစ်ရက်ကို ၁၂ နာရီပေးမယ်ပြောတယ်” လို့ လျှပ်စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလှည့်ကျစနစ်နဲ့ ပြန်မစခင်ကတည်းက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“မီတာခတွေလည်း တိုးကောက်ပြီးပြီဆိုတော့ ပြန်ပျက်တော့မှာပေါ့။ အိမ်သုံးတွေလည်း မီတာခတိုးမကောက်ပါဘူးသာပြောတာပါ။ အရင်ကဆိုတစ်လကို ၁သောင်းခွဲ ၂သောင်းလောက်ပဲဆောင်ရတာ။ အခုဆိုတဖြည်းဖြည်းနဲ့တက်လာတာတစ်လကို လေးငါးသောင်းလောက်ဖြစ်နေပြီ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

​ဒါပေမယ့် အများပြည်သူသုံးစွဲတဲ့ လိုင်းတွေကို ဖြတ်တောက်မှာဖြစ်ပေမဲ့ သဘာဝဓာတ်ငွေ့ရည် (LNG)သုံး ဓာတ်အားပေးစက်ရုံတွေက တိုက်ရိုက်သွယ်တန်းထားတဲ့ လိုင်းတွေကို ခြွင်းချက်အနေနဲ့ မီးမဖြတ်ဘဲ ဆက်လက်ဖြန့်ဖြူးပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဲဒီလိုင်းတွေဟာ အခွင့်ထူးခံ လူတန်းစားတွေနဲ့ စစ်ကောင်စီရဲ့ အဓိကယန္တရား နေရာတွေသာ ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။

​လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြား လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ပြီးနောက် ပြီးခဲ့တဲ့ရက် မတ်လ ၁၆ရက်က လွှတ်တော်ကို စတင်ခေါ်ယူခဲ့ပါတယ်။ အဲလို လွှတ်တော်စခေါ်ပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာ ပြန်ပေးတော့မယ်လို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲလုပ်ဆောင်တဲ့ကာလတွေအတွင်းမှာ လျှပ်စစ်မီးကို အချိန်ပြည့်ဖြန့်ဖြူးပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ်အစည်းအဝေးကျင်းပရာ နေရာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ရုပ်သံကို CDF ဟားခါးက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

​နေပြည်​တော်မှာ စစ်တပ်လွှတ်​တော်​တွေလုပ်​နေတာ ၅ ရက်​မြောက်​နေ့မှာပဲ ကသာမြို့ကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

မတ်-၁၉၊ ၂၀၂၆။သော်မွန်/People’s Spring ပြည်သူလူထု ရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရဆီကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက ၂၀၂၆ စစ်တပ်လွှတ်တော်ကို ဦးဆောင်သူတွေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှု ဦးဆောင်သူတွေထဲ ပါဝင်မှုကြောင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက...