Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၄)လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်းအတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။

စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မှုအပြီး မြင်ကွင်း။ ဓာတ်ပုံ - Ko Htike

မတ် -၁၈၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်းအတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။

အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကထွက်လာတဲ့ စစ်တပ်ယာဥ်တန်းကို အခု မတ်လ ၁၂ ရက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အောက်ဆိပ်ဖြူလမ်းခွဲ မရောက်ခင် ပုသိမ်-မုံရွာ လမ်းပေါ် သစ်ညီနောင်လမ်းခွဲမှာ ဖြစ်တာ။သေတာ တယောက်တော့ သေချာတယ်။ နှစ်ယောက်က ခြေ ထောက်ဖြတ်ရတယ်”လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင် ကိုထိုက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အတွင်းသွားတဲ့ အဲဒီယာဥ်တန်းကို ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း စစ်တပ်ရဲ့ တပ်သားသုံးဦး သေဆုံးတယ်လို့ ပေါက်ပကဖ အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

အစီးရေ ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီယာဥ်တန်းဟာ မနေ့က(မတ်လ ၁၇ ရက်)ညပိုင်းက ပေါက်မြို့ ပေါ်ကို ရောက်ရှိပြီး ဒီကနေ့မှာ ကပစ(၂၄)ကို သွားနေတယ်လို့ အသိပေးပါတယ်။

မနှစ်ကစပြီး ပခုက္ကူတပ်မ(၁၀၁)ကနေ ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအနီးရှိတဲ့ ကပစ(၂၄)ကို စစ်တပ်က ရိက္ခာနဲ့တပ်သားအလုံးအရင်း ပေးပို့နေတာဖြစ်ပါတယ်။

အထူးသဖြင့် စစ်တပ် ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ် ကျေးရွာအများစုက ပေါက်မြို့နယ်အတွင်းရှိပေမယ့် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ အခြေအနေတွေ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

Facebook