Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် သုံးရက်ဆက်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Mon State Revolutionary Force - MSRF

မတ်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ရေးမြောက်ပိုင်းမှာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်တပ်ကို မတ်လ ၁၉ရက်၊ ၂၀ရက်နဲ့ ၂၁ရက်တွေမှာ တိုက်ခိုက်ခဲ့သလို မတ်လ ၉ရက်ကလည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မတ်လ ၁၉ရက်မှာ အောင်သပြေကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီး ၁လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ မတ်လ ၂၀ ရက်ညပိုင်းမှာလည်း စစ်တပ်ကို ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သလို မတ်လ ၂၁ရက် နေ့လည်မှာလည်း အဲဒီ စစ်ကြောင်းကို ဗုံးသီး ၈လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို တိုက်ခိုက်မှုတွေမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘဲ စစ်တပ်ဘက်က ထိခိုက်သေဆုံး အခြေအနေတွေကိုတော့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အခု စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့မှ ဒရုန်းတပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အရင်ကလည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

ရေးမြို့နယ်အပါအဝင် ဒေသတွင်းရှိ စစ်တပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နဲ့ ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို့ အတူပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။