Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာမိုးသက်​လေပြင်းကျ နေအိမ်တွေ ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

ဓါတ်ပုံ - Kyaw Kyaw Aung/FB

မတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

မတ်လ ၂၈ရက်ညနေ ၄နာရီခန့်ကစတင်ပြီး ဆိုင်းတောင်ကျေးရွာအပါအဝင် ဖားကန့်မြို့အနီးမှာ မိုးကြီးပြီးလေပြင်းကျတာပါ။

“အပျက်အစီးတွေအရမ်းများတယ်။မိုးလည်းသည်းတယ်။ လေလည်းပြင်းတယ်။ တနေကုန်နေပူပြီးမှ ဖြစ်တာ။ တခါတည်း ရှင်းလင်းရေးလုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေအိမ်ပျက်စီးမှုတွေရှိပြီး အသေးစိတ်စာရင်းကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ရန်ကုန်နဲ့ တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးတွေလည်းကြွေလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

နိုင်ငံအနှံ့မှာနွေရာသီကာလ လေထုမတည်ငြိမ်နဲ့ဖြစ်စဥ်ကြောင့် နေရာကွက်မိုးကြီးတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။