Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ဆေးရုံမှာ ဆေးကုသနေတဲ့ နိုင်ကျဥ်းအပါအဝင် အကျဉ်းသားနှစ်ဦးကို မြို့နယ်ရဲမှူးက ရိုက်နှက်

​ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ အခြားအကျဉ်းသားတစ်ဦးကို မြို့နယ်ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အင်းစိန်ဆေးရုံ ကုသဆောင်ကိုတွေ့ရပုံ ( ပုံဟောင်း)။ ။ဓာတ်ပုံ - Google Map)

​မတ်-၂၉၊၂၀၂၆။ဟာနာဆန်/People’s Spring

​ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ အခြားအကျဉ်းသားတစ်ဦးကို မြို့နယ်ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင် Guard Wardမှာ ပုဒ်မ ၅၀(စျ)နဲ့ ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရပြီး ခါးနာနဲ့ အာရုံကြောညပ်ဝေဒနာကြောင့် မတ်လ ၁၂ ရက်ကစပြီး ဆေးကုသမှုခံယူနေရတဲ့ နိုင်ကျဥ်းတဦးဆီကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း နိုင်ကျဥ်း​တွေနဲ့ နီးစပ်သူအချို့က​ပြောပါတယ်။

​သိန်းဝင်းက နိုင်ကျဥ်အား ဘယ်ကလဲလို့ မေးမြန်းရာ ရန်ကုန်ကလို့ ဖြေလို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းကာ မျက်နှာကို ရိုက်နှက်တာ၊ နာတာရှည် ဝေဒနာခံစားနေရတဲ့ ခါးကို ကန်ကျောက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရဲမှူးဟာ နာတာရှည် ခါးနာဝေဒနာ ခံစားနေရတဲ့ အခြားအကျဥ်းသားတစ်ဦးကိုလည်း ထပ်မံရိုက်နှက် ကန်ကျောက်ခဲတာ​ကြောင့် အဆိုပါနိုင်ကျဥ်းဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တဲ့ အခြေအနေအထိဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကျူးလွန်သူ ရဲမှူးသိန်းဝင်းက “မင်းတို့ ဘာကောင်ဖြစ်ဖြစ် ဂုတ်ချိုးသတ်လို့ရတယ်”ဟု ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် လူနာရဲ့ အဝတ်အစား၊ အစားအသောက်နဲ့ ဆေးဝါးတွေကိုပါ သိမ်းဆည်းဖို့အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စားစရာတွေ လာရောက်ပို့ဆောင်ပေးတဲ့ မိသားစုဝင်တွေကိုလည်း လာရောက်ခြင်းမပြုဖို့ ပိတ်ပင်ခဲ့တာကြောင့် လူနာတွေအတွက် ကြီးမားတဲ့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

၎င်းနိုင်ငံရေးအကျဥ်းသားဟာ ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် စည်းကမ်းဖောက်ဖျက်မှု မရှိဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့တာကို Guard Ward ရှိ ဝန်ထမ်းများ သိရှိကြောင်း နိုင်ကျဥ်းအချို့က​ပြောပါတယ် ။

ဒါ့ကြောင့် အင်းစိန်မြို့နယ် ရဲမှူးသိန်းဝင်းရဲ့ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဥပဒေမဲ့ ပြုမူမှုတွေအပေါ် ထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ စာပေးပို့တိုင်ကြားထားကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။