Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့ထောက်လှမ်းရေးယန္တရား ဖော်ထုတ်နိုင်ခဲ့ကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေကို ပြတ်သားစွာအရေးယူမယ်လို့ မန္တလေးPDF သတိပေး

(MDY PDFနယ်မြေအတွင်းသတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ရဲဘော်ဟောင်း။ ဓါတ်ပုံ- MDY-PDF)

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ

​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring

​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက်

လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ်

Public Service Announcement

Public Service Announcement

ဖော်ထုတ်နိုင်ခဲ့ကြောင်း မန္တလေးPDFက ထုတ်

ပြန်ပါတယ်။

​စစ်တပ်ရဲ့စည်းရုံးသိမ်းသွင်းမှုကြောင့်ဘက်ပြောင်းသွားပြီး တော်လှန်ရေးနယ်မြေအတွင်း သတင်း

ထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်တစ်ဦးကို ၂၀၂၅ ဇွန်လအတွင်းကတည်းက ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး PDFက အသိပေးပါတယ်။

​အဆိုပါရဲဘော်ရဲ့ ထွက်ဆိုချက်များနဲ့ မြို့ပြရှိတော်လှန်ရေးထောက် လှမ်းရေးကွန်ယက်များရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကြောင့် စစ်တပ်ရဲ့ ထောက်လှမ်းရေးယန္တရား လည်ပတ်ပုံ အဆင့်

ဆင့်၊ ယင်းယန္တရားမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ အချက်အလက်တွေကို သိရှိခဲ့ရပြီး ပါဝင်ပတ်

သက်သူအချို့ကို အမည်ပျက်စာရင်း (Blacklist) သွင်းတာတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။

မန္တလေး PDFရဲ့ ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ အရင်တပ်ပြေးသွားသူရဲ့ စည်းရုံးမှုကြောင့် ထွက်

ပြေးခဲ့တာဖြစ်ပြီး စစ်ကောင်စီက ခေါ်ခိုင်းတာကို မသိလို့ သွားခဲ့တာဖြစ်ကြောင်း ရဲဘော်တစ်ဦးက ဖြေဆိုထားတာတွေ့ရပါတယ်။

“တော်တော်များများ အလင်းဝင်ခဲ့တာမဟုတ်ဘူး။ လိမ်ခေါ်ခဲ့တာများတယ်။”လို့ အဲဒီရဲဘော်က ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အလင်းဝင်တယ်ဆိုတဲ့သူတွေကို လုပ်ငန်းခိုင်းလို့ရတဲ့သူတွေကိုခေါ်ထားလေ့ရှိပြီး မရတဲ့သူတွေကိုသာ မိဘကိုပြန်အပ်တယ်လို့ ၎င်းရဲဘော်က ပြောပါတယ်။

၎င်းက ကြိုးကြာဆိုသူနဲ့ PDF ဘ၀မှာ ရင်းနီးခဲ့ပြီး ကြိုးကြာက ဦးစွာ တပ်ပြေးသွားကြောင်း၊အဲဒီလို တပ်ပြေးသွားပြီးနောက် ရွှေဘိုတပ်ရင်းအသစ်မှာ လာဖို့ သွေးဆောင်ခဲ့ပေမယ့် လက်မခံခဲ့ကြောင်း ပြောပြပါတယ်။နောက်ပိုင်းမှာတိုက်ပွဲဖြစ်ပြီး ဆုတ်

ခွာရတာရဲဘော်ကျတာတွေရှိတော့သွေးပျက်နေ

တဲ့ အခြေအနေမှာ ကြိုးကြာဆိုသူက ထပ်ဆက်သွယ်လာလို့ ကြိုးကြာထံ သွားခဲ့ကြောင်း ပြောပြပါတယ်။

“တကယ်တန်းလည်း စကစက ခေါ်တာ မသိလို့ သွားခဲ့မိတာပါ။ စကစက ခေါ်တာ သိရင်တော့ သွားခဲ့မှာ မဟုတ်ဘူး။” လို့ သူက ပြောပါတယ်။ ကြိုးကြာက ခေါ်ဆိုလို့ သွားရောက်ရာ ကြိုးကြာက ကားကြုံစီးလာဖို့ လမ်းညွှန်လို့ စီးလာစဉ် ဝက်လက်မြို့နယ် ရှိန်းမကားရွာနားမှာ ကားနှစ်စီးနဲ့ လာကြိုသူတွေက သေနတ်ထောက်ကာ မန္တလေးတိုင်း ထောက်လှမ်းရေး (၁၆)ကို ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။

ထောက်လှမ်းရေး (၁၆) ရောက်ရှိစဉ်စစ်ကြောရေး မှာ သေနတ်ထောက်မေးမြန်းလို့ ဖြေကြားခဲ့ရတယ်လို့ ပြောပြပါတယ်။ အဓိက မေးမြန်းတာက PDF တပ်ရင်းနေရာတွေ ပွိုင့်နေရာတွေ၊ PDF တပ်ရင်းမှာသုံးတဲ့ လက်နက်အမျိုးအစားတွေ မေးမြန်းခဲ့တယ်လို့ ထွက်ဆိုပါတယ်။

“ထောက်လှမ်းရေး (၁၆)က ဘယ်လိုလည်ပတ်နေလဲဆို အကြီးဆုံးက ဇော်ကြီး။ ဇော်ကြီးကနေမှ

တဆင့် ဘစောတို့ကို ခိုင်းတယ်။ ဘစောတို့က နောက်တန်းပွိုင့်တွေ၊ နောက်တန်းပွိုင့်တွေဆိုတာ အကြီးအကဲ အများဆုံးရှိတဲ့နေရာမျိုး အထူး

သဖြင့် ဌာနမှူး ဒီဌာနမှာ ဘယ်သူအကြီးဆုံးလဲ ဘယ်သူက ဘာတွေ လုပ်ခိုင်းနေလဲ တပ်တွင်းသတင်းက ဘာတွေလဲ။ ဘစောတို့က လှမ်းမေးတယ် ဒီဘက်က ရှိတဲ့လူတွေကို ဘယ်လိုမေးလဲဆို မင်းတို့ ဘယ်မှာလဲ ဘယ်မှာ တာဝန်ထမ်းဆောင်နေတာလဲ ဘယ်မှာ နေတာလဲ အဲဒီလိုမေးတယ် တဖက်လူကတော့ မသိဘူး မသိဘဲနဲ့ ဖြေလိုက်တယ် ဖြေလိုက်တဲ့အချိန် ဘစောတို့ ကြိုးကြာတို့ကတဆင့်သတင်းအတိအကျ ရသွားလို့ရှိရင် ဇော်ကြီးကတဆင့်လေယာဉ်နဲ့ကြဲခိုင်းတာမျိုးရှိတယ်” စတဲ့ စစ်ကောင်စီတပ်က သူတို့ဆီ ရောက်နေကြတဲ့ PDF ရဲဘော်တွေ အသုံးပြုပြီးတော်လှန်ရေးနယ်

မြေက သတင်းတွေပြန်ထောက်လှမ်းတဲ့ အခြေ

အနေတွေ၊ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်တဲ့ အခြေအနေတွေကို ပြောပြပါတယ်။

လုပ်ငန်းခိုင်းချိန်သာ တပ်အတွင်းမှာ နေရာပြီး လုပ်ငန်းချိန်မဟုတ်ပါက အချုပ်ထဲနေရတာဖြစ်တယ်လို့လည်း စစ်အုပ်စုရဲ့ အသုံးချမှုခံ ခဲ့ရတဲ့ PDF ရဲဘော်ဟောင်းက ပြောပါတယ်။

နောက်ပိုင်း ပြန်လွှတ်ပေးပေမယ့် နောက်ယောင်ခံတာတွေရှိတယ်လို့ ပြောပြပါတယ်။ အပြင်ရောက်ချိန် တော်လှန်ရေးနယ်မြေကို ပြန်သွားမလား ပြန်သွားပြီး စစ်ကောင်စီတပ်အတွက် လုပ်ငန်း လုပ်ပေးနိုင်မလား ၊ လုပ်ပေးရင် ငွေကြေး ပေးမယ် လို့ စစ်ကောင်စီရဲ့ ထောက်လှမ်းရေး(၁၆) အရာရှိ က စည်းရုံးတယ်လို့ ပြောပါတယ်။

“ငါတို့အတွက် လုပ်ငန်းလုပ်ပေးလို့လည်း မင်းအကျိုးမယုတ်စေရဘူး ပင်ပင်ပန်းပန်းလုပ်စရာ မလိုဘူး။ နေပူလည်ကောင်မှာလုပ်စရာ မလိုဘူး တပွိုင့်ကို ငါးသောင်းဆိုလည်း ဟုတ်တယ် တစ်သိန်းဆိုလည်း ဟုတ်တယ် ပွိုင့်ကြီးကြီး ပေးနိုင်ရင် ပေးနိုင်သလိုရမယ်။ အထူးသဖြင့် ဘယ်နေရာတွေလဲဆိုရင် အချုပ်ခန်းထားတဲ့နေရာတွေ နောက်

တန်းရဲဘော် ဆေးကုနေတဲ့ နေရာမျိုးတွေ အဲဒီလိုနေရာ မျိုးတွေ အများဆုံးသူတို့ကလိုချင်တာ။ အဲဒီနေရာမျိုးတွေမှာ ဌာနမှူးက ဘယ်သူလဲ အ

ကြီးဆုံးက ဘယ်သူကိုင်တွယ်နေတာလဲဒီအချုပ်

ခန်းကို အကြီးဆုံး ဘယ်သူကိုင်တွယ်နေတာလဲ ဒီဆေးရုံကို အကြီးဆုံးက ဘယ်သူကိုင်တွယ်နေတာလဲ အဲဒီလိုပြောတာရှိတယ် အဲဒီလို ပွိုင့်တွေ ပေးနိုင်ရင် မင်းပေးနိုင်ရင် ပေးနိုင်သလောက် ပိုက်ဆံရမယ်” လို့ စစ်အုပ်စုက စေလွှတ်လိုက်တဲ့ PDF ရဲဘော်ဟောင်းက စစ်ကောင်စီတပ်က ငွေနဲ့ စည်း

ရုံးသတင်းထောက်လှမ်းခိုင်းတဲ့ အခြေအနေကို ပြောပြပါတယ်။

အဲဒီလို ငွေကြေးနဲ့ စည်းရုံးသလို မလုပ်ပေးရင် ဖမ်းဆီးသတ်ဖြတ်မယ် မိသားစုနေထိုင်ရာကို လေယာဉ်ဗုံးကြဲမယ် စတဲ့ ခြိမ်းခြောက်မှုတွေလည်း လုပ်ခဲ့ကြောင်း ထွက်ဆိုပါတယ်။

​ဒါ့​ကြောင့်မန္တလေးPDFကအတင်းအဓမ္မ ဖိအားပေးစေခိုင်းခံရမှုများကြောင့် စစ်ကောင်စီရဲ့ ယန္တ

ရားများအတွင်း ရောက်ရှိနေတဲ့ ရဲဘော်ဟောင်းများအနေနဲ့ မိမိတို့ရဲ့အမှားကို ပြန်လည်ပြုပြင်ဖို့နဲ့ ရန်သူ့ယန္တရားအတွင်းမှ အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးပါတယ်။

​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) အနေနဲ့ မိမိတို့ရဲ့ ထောက်လှမ်းရေးကွန်ယက်ကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်တည်

ဆောက်သွားမှာဖြစ်သလို၊ ရန်သူ့ဘက်မှ တန်ပြန်ထောက်လှမ်းမှု (Counter-Intelligence) တွေကိုလည်း အစဉ်တစိုက် ကာကွယ်တားဆီးသွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ