Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေတဲ့ လေးမျက်နှာမြို့နယ်ကိုစစ်တပ်အင်အားဖြည့်နေ

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းရခိုင်-ဧရာဝတီတိုင်းအစပ် တိုက်ပွဲ​တွေက အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-AA Infodesk

■သင်္ကြန်ကာလနေရပ်ပြန်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းယူထား

ဧပြီ-၁၀၊၂၀၂၆။‌‌အိမ်သွင်/People’s Spring

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။

ဧပြီလ ၈ ရက်နေ့ကပုသိမ်-မုံရွာလမ်းအတိုင်း အမိုးဖွင့် စစ်ကား ၄စီး ကျောင်းကုန်းမြို့ကို ဖြတ်သွားသလို စစ်သင်တန်းဆင်း လူငယ်တွေတင်ဆောင်လာတဲ့ ကား ၁၀စီးခန့်ဟာ ကျုံပျော်မြို့ကို ဖြတ်ပြီး ဟင်္သာတ၊ တလုထ္ထော်မြို့ဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့လေးမျက်နှာမြို့နယ်ဟာ ဧရာဝတီတိုင်းထဲက ဟင်္သာတ၊တလုထ္ထော်၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေအပြင် မြို့နယ်အချို့နဲ့ ထိစပ် နေပါတယ်။ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ စစ်တပ်က တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေပြီး ရှေ့တန်းကို လွှတ်နေတာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီး စစ်ကောင်စီက တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

ပြီးခဲ့တဲ့မတ်လဆန်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ရေးအခြေအနေ ငြိမ်သက်နေရာကနေ ဧပြီလ၇ရက်ကစပြီး တိုက်ပွဲပြန်ဖြစ်နေပါတယ်။ စစ်တပ်ကလေကြောင်းကနေဗုံးကြဲမှုတွေရှိနေပြီး မြေပြင်ကနေလည်းအင်အားတွေဖြည့်နေတာဖြစ်ပါတယ်။

ဒါ့အပြင်လေးမျက်နှာမြို့အပါအဝင်အနီးပတ်ဝန်းကျင်မြို့တွေကို ပြန်တဲ့ ခရီးသည်တင်ကားတွေကို ယခုရက်ပိုင်း စစ်ဆေးရေးတင်းကျပ်နေပြီး ခရီးသည်တစ်ဦးချင်းစီရဲ့ ဖုန်းတွေကိုပါ စစ်ဆေးမှု‌တွေလုပ်‌နေပါတယ်။

“ရန်ကုန်ကအလုပ်ပိတ်လို့ ရွာပြန်တာ။ဂိတ်မှာ ကားတစ်စီးချင်းစစ်ပြီး အမျိုးသားတွေရဲ့ ကိုယ်ရေးအချက်အလက်အကုန်တောင်းတယ်။ ရွာရောက်ရင် ဧည့်စာရင်းတိုင်ထားဖို့ ဖိအားပေးပြောတယ်။ စစ်သားစုဖို့လို့ထင်တယ်”လို့ အင်္ဂပူမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်က ၎င်းတို့ ဆုံးရှုံးထားတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျပြီး နေရာအချို့၊ မြို့၊ ရပ်ရွာတွေကို ပြန်လည်သိမ်းပိုက်ဖို့ ဥပဒေမဲ့ စစ်သားစုဆောင်းနေကြောင်းနဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်၊ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာ၊ပဲခူးတိုင်းထဲက ညောင်ကျိုးဗျူဟာကုန်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

လေးမျက်နှာမြို့နယ်ကတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

Facebook