Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၉၉)တပ်ကြပ်တစ်ဦး လက်နက်ယူလာပြီး ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်တပ်စခန်းကနေ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတယ်လို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဧပြီ-၁၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်တပ်စခန်းကနေ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတယ်လို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မနေ့က(ဧပြီ ၁၀ရက်) တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်ပြေးလာတဲ့ တပ်မ(၉၉)က တပ်ကြပ်တစ်ဦးဟာ MA 3 တစ်လက်၊ကျည် ၂၀၀နဲ့ လက်ပစ်ဗုံး ၄လုံးယူလာတယ်လို့ ဆိုပါတယ်။

“နီးစပ်ရာ ပကဖတွေဆီ ရောက်သွားတယ်။သေနတ် ၊ လက်ပစ်မိုင်း ၊ ကျည် အလုံလောက်နဲ့ ထွက်ပြေးလာတာပါ ။ဂန့်ဂေါကို ပြောင်းလာရတဲ့ အသစ်တွေပေါ့”လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာတဲ့ တပ်ကြပ်က ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာက ကာကင်းစခန်းမှာ တာဝန်ကျနေသူပါ။

“မနေချင်တော့လို့ ပြေးလာတယ်ကြားပါတယ်။သက်ဆိုင်ရာကတော့ မထုတ်ပြန်သေးဘူး။သူကို စစ်ဆေးမေးမြန်းနေဆဲ”လို့ ဂန့်ဂေါမြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ရှောင်ပင်ရွာကာကင်းစခန်းကို တပ်မ(၉၉)တပ်သားတွေနဲ့ ပြီးခဲ့တဲ့လက တပ်အချိန်းအပြောင်းလုပ်ခဲ့တာလို့လည်း သိရပါတယ်။

ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်အကွာက ရှောက်ပင်ကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းကစပြီး စစ်တပ်က တပ်မ(၉၉)လက်အောက်ခံတပ်ရင်းတွေကို ထီးလင်း၊ဂန့်ဂေါနဲ့ ပေါက်မြို့နယ်တွေမှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့ဟာ လက်နက်တွေယူလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့