Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ပြည်သူတွေ တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြမှုကို ဒီကနေ့ (ဧပြီ ၁၁) ပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်ဖားကန့်မြို့နယ်)

ဧပြီ-၁၁၊၂၀၂၆။သုည၊သတိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြမှုကို ဒီကနေ့ (ဧပြီ ၁၁) ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “လေယာဉ်ဗုံးကြဲ အမိန့်ပေးသူ၊ လူသတ်ကောင်က သမ္မတတဲ့လား” ၊ “ဘုန်းကြီးကျောင်းကို ဗုံးကြဲနေတာ မဘသတွေ အသံမထွက်ကြဘူး”၊ “သွေးစည်းကြမလေ ညီနောင်တွေ၊ ဖက်ဒရယ်ပြည်သစ် အတူတည်ဆောက်စို့” စတဲ့ တော်လှန်သံချပ်စာသားတွေကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ပြည်သူတွေ အနေနဲ့လည်း မင်းအောင်

လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ဖို့နဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေအားလုံး အတူတကွ စုစုစည်းစည်း ညီညီ ညွတ်ညွတ် နဲ့ စစ်အာဏာရှင် အမြစ်ဖြတ်သည်အထိ တိုက်ပွဲဝင်ဖို့ သံချပ်တွေနဲ့ တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

Facebook