Connect with us

Hi, what are you looking for?

သတင်း

TNLA နဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ထုတ်ပြန်

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဧပြီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLA နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆေးတက္ကသိုလ် (မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလအတွင်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများ ဟန်ချက်ညီညီ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး Ta’angland Health Council (THC)နဲ့ ပူးပေါင်းကာ “Tealand Medical School” ပေါ်ပေါက်လာရေးပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် TNLAက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် အသိအမှတ်ပြု ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့လို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။

TNLAရဲ့လုပ်ရပ်ဟာ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုရဲ့ သွေးမြေကျ ပေးဆပ်မှုများ၊ CDM ကျန်းမာရေး ဝန်ထမ်းများရဲ့ ဆန္ဒသဘောထားများကို လျစ်လျူရှုကာ နွေဦးတော်လှန်ရေးရဲ့ အခြေခံမူဝါဒများကို သစ္စာဖောက်ဖျက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“တရားမဝင် အကြမ်းဖက်စစ်အုပ်စုအား အသက်သွင်းပေးသည့် မည်သည့်လုပ်ရပ်ကိုမဆို ကျွန်ုပ်တို့အနေဖြင့် လုံးဝ (လုံးဝ) လက်ခံနိုင်စရာအကြောင်း မရှိပါ” လို့လည်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါကြောင့် PSLF/TNLA လက်အောက်ခံ ကျန်းမာရေးကောင်စီ (THC) နဲ့ ဖြစ်စေ၊ “Tealand Medical School” နဲ့ ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းစဉ်များအားလုံးကို အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုနဲ့ အတူ တသားတည်း ဆက်လက်ရပ်တည်ကာ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

TNLA ရဲ့လုပ်ရပ်အပေါ် တအာင်းအဖွဲ့အစည်းတွေကလည်းကြေညာချက်တွေထုတ်ပြန်ပြီးမင်းအောင်လှိုင်ကို ဂုဏ်ပြုတာ TNLA တဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

မင်းအောင်လှိုင်ထံ ဂုဏ်ပြုကြောင်း PSLF/TNLAက ဧပြီ ၁၅ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် တအာင်းအရပ်ဘက်အဖွဲအစည်းတွေက အဲဒီဂုဏ်ပြုသဝဏ်လွှာ ပေးပိုမှု လုပ်ရပ်ကို ကန့်ကွက်ခဲ့သလို တအာင်းပြည်ပညာရေးကောင်စီ(TLEC)ကလည်း အဲဒီဂုဏ်ပြုမှုဟာ သူတိုရဲ့ သဘောထားမဟုတ်ဘူးလို့လည်း ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။

တအာင်းပြည်ပညာရေးကောင်စီ (TLEC)ဟာ ဖက်ဒရယ်ပညာရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ မိတ်ဖက်အဖွဲအစည်းများနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို PSLF/TNLAက ဂုဏ်ပြု သဝဏ်လွှာပေးပိုမှုဟာ အကြပ်အတည်းတွေကြောင့် လုပ်ဆောင်ရတာ ဖြစ်နိုင်ပေမယ့် နိုင်ငံရေးအရ ရင်းနှီးမှုများတဲ့ လုပ်ရပ်ဖြစ်ပြီး တော်လှန်ပြည်သူတွေက ခွင့်လွှတ်နိုင်ပါအုံးမလားဆိုတာ စိုးရိမ်နေရကြောင်း တအာင်းအဖွဲအစည်းတခု တာဝန်ရှိသူ တယောက်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

Facebook