Connect with us

Hi, what are you looking for?

သတင်း

ပလောက်မြို့ရှိ ပြည်သူ့စစ်စခန်းကို KNLA တပ်မဟာ(၄)အထူးတပ်ဖွဲ့ သိမ်းပိုက်မီးရှို့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလောက်မြို့ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်လက်​အောက်ခံပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ - KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

ဧပြီ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလောက်မြို့ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၇ ရက်က ပလောက်မြို့ရှိ ပြည်သူ့စစ်စခန်းနဲ့ စစ်တပ် တပ်ရင်းဌာနချုပ်အချို့ကို တိုက်ခိုက်ခဲ့မှု၊ ဧပြီ ၁၀ရက်မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေတွေကိုဧပြီ ၁၉ ရက်မှာ အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

ဧပြီ ၇ရက်က ပလောက်မြို့ရှိခလရ(၂၈၀)တပ်ရင်း၊ ပြည်သူ့စစ်စခန်းနဲ့ အမတ(၃၀၉)တပ်ရင်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့အသိ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်စခန်း တိုက်ခိုက်စဉ် ပြည်သူ့စစ်များ စခန်းစွန့်ထွက်ပြေးသွားလို့ စခန်းကို စီးနင်းသိမ်းပိုက်မီးရှို့ခဲ့ဟု ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။

ဒါပေမယ့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရှိ၊မရှိ အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။ဧပြီ ၁၀ရက်မှာတော့ စစ်တပ်က မာန်ဂုံမာရွာ စစ်ကြောင်းထိုးလာလို့ ပူးပေါင်းတပ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း အသိပေးပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအားလုံးမှာ စစ်တပ်က ၁၀ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊ အထူးတပ်ဖွဲ့၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၁) နဲ့ တပ်ခွဲ(၅)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း အသိပေးပါတယ်။

KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ စစ်ကောင်စီအဖွဲ့အား အခွင့်အရေးရတာနဲ့ အမြဲတိုက်ခိုက်သွားမယ်လို့လည်းထုတ်ပြန်ခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်တပ် တပ်စွဲထားရာ နေရာနဲ့ အနီးတ၀ိုက်မှာ မနေကြဖို့ ပြည်သူတွေကို ထပ်မံ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။