Connect with us

Hi, what are you looking for?

သတင်း

ရေးနဲ့ သံဖြူဇရပ်မှာ စစ်တပ်ကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ဟု MSRF ထုတ်ပြန်

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ အခြေစိုက်ရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်မှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF

ဧပြီ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ အခြေစိုက်ရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်မှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ရက်ကနေ ဧပြီ ၁၆ ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုကို MSRFက ဧပြီ ၁၈ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။

ဧပြီ ၉ရက်ညက အောင်သပြေရွာအနီးမှာ စစ်တပ်ကို ဒရုန်းနဲ့ဗုံးသီး တစ်လုံးကြဲချခဲ့သလို ဧပြီ ၁၀ရက်ညမှာလည်း ဗုံးသီး ၄လုံးနဲ့ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် ဧပြီ ၁၁ရက် မနက်မှာလည်း ဒရုန်းဗုံးသီး (၇) လုံးကြဲချ တိုက်ခိုက်ခဲ့သလို အဲဒီနေ့မှာ ဒရုန်းဗုံးသီး ၈လုံးနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၅ရက်မှာတော့ အနင်းရွာရဲစခန်းကို ဗုံးသီး တစ်လုံးကြဲချခဲ့သလို ဧပြီ ၁၆ရက်မှာ အနင်းရဲစခန်းကို ထပ်မံဗုံးသီးချ တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေး ၆ကြိမ်အတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု အခြေအနေတွေကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခု စစ်ဆင်ရေးမှာပါတဲ့ တော်လှန်ရေးတပ်တွေဟာ ဖေဖော်ဝါရီကတည်းက ရေးမြို့နယ်အတွင်း အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းတိုက်ခိုက်တာတွေ ပြောက်ကျားတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှာ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့မှ ဒရုန်းတပ်ဖွဲ့များနဲ့ စုစည်းထားပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာတော့ MSRF ၊ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁)တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)နဲ့ ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို့ ပူး‌ပေါင်းပါဝင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။