Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး Blue Shirt ကမ်ပိန်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ ရည်ရွယ်တဲ့ Blue Shirt လှုပ်ရှားမှု‌မှာ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ (Yangon 4 Brothers) က ပြည်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်။

ဧပြီ-၂၀၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ ရည်ရွယ်တဲ့ Blue Shirt လှုပ်ရှားမှု‌မှာ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ (Yangon 4 Brothers) က ပြည်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်။

“စစ်အာဏာရှင်မှ မတရားအာဏာသိမ်း ဖမ်းဆီးထားသော အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို အမြန်ဆုံးလွှတ်ပေး။” လို့ ရေးသားတောင်းဆိုထားပါတယ်။

ကမ်ပိန်းမှာပါဝင်သူတွေက အကျဉ်းသားတွေကို ကိုယ်စားပြုတဲ့ အပြာရောင်အင်္ကျီတွေကို ဝတ်ဆင်ပြီး လက်ပေါ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးလို့ တောင်းဆိုထားတဲ့စာကို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုကို မနက်ဖြန်(ဧပြီ၂၁) မှာကျရောက်မယ့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဧပြီ ၁၀ ကနေ ၂၁ အထိ ပြုလုပ်နေတာပါ။

ဒီကမ်ပိန်းမှာ နေရာစုံက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၊ သပိတ်အင်အားစုတွေနဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေက ပါဝင်နေကြတာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။