Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည် သတင်းအစအန​တောင်မရဘူး​ဖြေလို့ဆိုပြီးစစ်တပ်က​ဒေါက်တာမျိုးညွန့်ကို ခေါ်ယူစစ်​ဆေး

​ဒေါ်​အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မီဒီယာ​တွေကို​ဖြေဆိုမှု​တွေ​ကြောင့်ဆိုပြီး စစ်တပ်က NLD ​ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင် ​ဒေါက်တာမျိုးညွှန့်ကို၂ ကြိမ်တိုင်​ခေါ်ယူစစ်​ဆေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

​ဒေါက်တာမျိုးညွှန့်ကို စစ်တပ်အာဏာမသိမ်းခင်၂၀၁၉ ခုနှစ်က​မီဒီယာ​တွေ​မေးမြန်းမှုကို​ဖြေကြားစဥ်

ဧပြီ-၂၀၊၂၀၂၆။တာရာ/People’s Spring

​ဒေါ်​အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မီဒီယာ​တွေကို​ဖြေဆိုမှု​တွေ​ကြောင့်ဆိုပြီး စစ်တပ်က NLD ​ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင် ​ဒေါက်တာမျိုးညွှန့်ကို၂ ကြိမ်တိုင်​ခေါ်ယူစစ်​ဆေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

​”၁၈ ရက်​နေ့ကတစ်ခါစစ်တယ်။ ၁၉ ရက်​နေ့ကလည်း တစ်ခါစစ်တယ်။ အခု​​တော့ အိမ်ပြန်​ရောက်​နေပါပြီ” လို့ ဖြစ်စဥ်ကိုသိတဲ့ စစ်တပ်နဲ့နီးစပ်သူတဦးက​ပြောပါတယ်။

နိုင်ငံ​တော်သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့​နေ့မှာ ​ဒေါက်တာမျိုးညွန့်အပါအဝင် NLD ပါတီဝင်အချို့ဟာ နေပြည်​တော်ကို လိုက်သွားခဲ့ကြပါတယ်။ ​အဲဒီ​နောက် ​ဒေါက်တာမျိုးညွန်က ဦးဝင်းမြင့် ပြန်လွတ်​မြောက်လာတာမှန်​ပေမယ့် နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီး ဘာမှမသိရ​သေးဘူးလို့ မီဒီယာ​တွေကို အမှန်အတိုင်း​ဖြေကြားခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးသလို ၊ဘယ်မှာထားသလဲဆိုတာ မသိရသေးဘူးလို့ NLD ပါတီ ​ပြော​ရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က မီဒီယာ​တွေကိုပြောခဲ့ပါတယ်။

ဒေါ်​အောင်ဆန်းစုကြည် သတင်းနဲ့ပတ်သက်ပြီး သတင်းအစအန​တောင်မရ​သေး​ကြောင်း ​ဖြေကြားချက်​က လူထုကို လှုံ့​ဆော်တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ​ခေါ်ယူစစ်​ဆေး​မေးမြန်းခဲ့တာဖြစ်တယ်လို့ အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။ အခုသတင်းနဲ့ပတ်သက်ပြီး ​ဒေါက်တာမျိုးညွှန့်ကို People’s Spring က​ဆက်သွယ်​မေးမြန်းဖို့ကြိုးစား​ပေမယ့် ဆက်သွယ်လို့မရပါဘူး။

လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်ကနိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် သတင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားမရှိပဲ သတင်းအ​မှောင်ချထားပါတယ်။ ဒါကြောင့် လူထုကြားမှာ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ လုံခြုံ​ရေး ၊ကျန်းမာ​ရေးအ​ပေါ် စိုးရိမ်မှုမြင့်တက်​နေပါတယ်။

ဧပြီ ၁၇ ရက်​နေ့မှာ အာဏာသိမ်းစစ်​တပ်က သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံ​ရေးအကျဥ်းသားအချို့ နဲ့ အကျဥ်းသား ၄၃၀၀ ​ကျော်ကို လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့​ကြေညာခဲ့ပါတယ် ။

ဒါ​ပေမယ့်နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ​တော့ တကယ်လွတ်မြောက်လာတဲ့ဦးရေက ၁,၆၉၁ ဦးသာ ရှိတယ်လို့ PPNM က အချက်အလက်​တွေစု​ဆောင်းထုတ်ပြန်ပါတယ်။

လွတ်​မြောက်လာသူ​တွေထဲမှာ နိုင်ငံရေးအကျဉ်းသား​ ၂၂၈ ဦးသာပါတယ်လို့ အသိပေးပါတယ်။

​ဒေါက်တာမျိုးညွှန့်ဟာ စစ်တပ်အာဏာသိမ်းတဲ့​နေ့မှာဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့မှာပြန်လည်လွတ်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”