Connect with us

Hi, what are you looking for?

သတင်း

Proof Of Life ကမ်ပိန်းမှာ ပြည်သူအားလုံးပါဝင်ပေးဖို့ကင်မ်အဲရစ် ​တောင်းဆို

မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခြင်းကပြည်သူအားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်တာကြောင့် မိခင်ဖြစ်သူအသက်ရှင်ကြောင်းသက်သေပြရန်တောင်းဆိုမှုတွင်ပါဝင်ပေးရန် သားဖြစ်သူကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမေတ္တာရပ်ခံသည်။

​ဒေါ်​အောင်ဆန်းစုကြည် နဲ့သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်တို့ကို ၂၀၁၀ ခုနှစ်နှစ်ကုန်ပိုင်းကရန်ကုန်​လေဆိပ်မှာအတူ​တွေ့ရစဥ်။ ဓါတ်ပုံ-Reuters

ဧပြီ-၂၁၊၂၀၂၆။သတိုး/People’s Spring

မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခြင်းကပြည်သူအားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်တာကြောင့် မိခင်ဖြစ်သူအသက်ရှင်ကြောင်းသက်သေပြရန်တောင်းဆိုမှုတွင်ပါဝင်ပေးရန် သားဖြစ်သူကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမေတ္တာရပ်ခံသည်။

“မေမေ သက်ရှိထင်ရှားနဲ့ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုသိရဖို့တောင်းဆိုခဲ့တာ တော်တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးနဲ့ အတူတူပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့အရိုးရှင်းဆုံးဆန္ဒပါ။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်ပါတယ်။ “လို့ဒီနေ့ (ဧပြီ၂၁)ညမှာကင်မ်က ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ဒီနေ့စတင်လိုက်တယ်လို့ All In One Piece Movement က ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်းတောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement ကတိုက်တွန်းထားပါတယ်။

တော်လှန်ရေးမှာလူသိများသူတွေအပါအဝင် ပြည်သူတွေက Proof Of Life ကမ်ပိန်းမှာပါဝင်တဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းစကားတွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။

“အန်တီဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးသလားဆိုတာ…အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်နော်။ အဲ့ဒီမေးခွန်းလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ မေးကြည့်ကြရအောင်။ တဆင့်စကား တဆင့်နား နဲ့ ကောလဟလတွေ မဟုတ်ပဲ၊ သူမ ရှိနေသေးတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတစ်ခုကို သူမရဲ့သား ကိုထိန်လင်းတစ်ယောက်တည်းပဲ သိရမယ်ဆိုရင်တောင် လုံလောက်ပါတယ်။ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ”လို့ တော်လှန်အနုပညာရှင်ဖြူဖြူကျော်သိန်းက ရေးသားထားပါတယ်။

ဒါရိုက်တာကိုပေါက်ကလည်း “ငါတို့ခေါင်းဆောင်ကို ငါတို့မျှော်ကြသည်။ငါတို့ခေါင်းဆောင်ကိုသာပြန်ပေးပါ။ငါတို့ခေါင်းဆောင်ကျန်းမာပါစေ”လို့ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၂လကြာတဲ့အထိ စစ်တပ်က တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ဒီကမ်ပိန်းကိုစတင်ခဲ့တဲ့ All In One Piece Movement က အသိပေးထားပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။