Connect with us

Hi, what are you looking for?

သတင်း

လေပြင်းနဲ့မိုးကြိုးကြောင့် မြောက်ဦးနဲ့ကျောက်တော်မြို့မှာ အရပ်သားထိခိုက်သေဆုံးမှုရှိ

ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး မြောက်ဦးမြို့နဲ့ကျောက်တော်မြို့မှာ မိုးကြိုးထိမှန်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဧပြီ-၂၉၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး မြောက်ဦးမြို့နဲ့ကျောက်တော်မြို့မှာ မိုးကြိုးထိမှန်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ယမန်နေ့ ဧပြီ၂၈ရက်က တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးသက်လေပြင်းကျရောက်နေစဉ် ရခိုင်ပြည်နယ်မှာလည်း နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခိုက်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်မှာ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့ပြီး နဂူမေကျေးရွာလမ်းမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရတာပါ။

Public Service Announcement

Public Service Announcement

” မြောက်ဦးရော ကျောက်တော်မှာပါ မိုးတွေကြီးပြီးလေပြင်းတိုက်တာ။ ကျောက်တော်မှာက ကျတော့်အသိမိတ်ဆွေ ဆိုင်ကယ်စီးလာတုန်း မိုးကြိုးထိသွားတာ။မြောက်ဦးက နှစ်ယောက်ထိပေမယ့် ဒဏ်ရာရသွားတာပဲ ရှိတယ်။ မိုးနဲ့လေက တော်တော်ကြမ်းတာ”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

မြောက်ဦးမြို့မှာလည်း ညနေ ၃နာရီခန့်မှာ လက္ကာကျေးရွာအတွင်း မိုးကြိုးပစ်လို့ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သင်္ကြန်ကာလနောက်ပိုင်း ဒေသအများစုမှာ အပူချိန်‌တွေမြင့်တက်နေသလို မိုးကြီးပြီး လေပြင်းကျတာတွေလည်း ဖြစ်နေပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားပါတယ်။

MOHADMက သတိပေးထားတဲ့ဒေသတွေထဲမှာ ရခိုင်ပြည်နယ်လည်းပါဝင်ပါတယ်။ ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။