Connect with us

Hi, what are you looking for?

သတင်း

လေပြင်းကြောင့် သီပေါမြို့က ရှေးဟောင်းစေတီထီးတော်ပြိုကျ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတော်တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

(သီပေါမြို့မှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတော်တစ်ဆူထီးတော်ပြိုကျပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အပူချိန်မြင့်တက်မှုနဲ့ လေပြင်းဘေးအန္တရာယ်ဆက်ရှိနေ

ဧပြီ-၃၀,၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတော်တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

ယမန်နေ့ ဧပြီ၂၉ရက် ညနေပိုင်းမှာ သီပေါမြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။သီပေါမြို့ ဇာတ်စုရပ်ကွက် ရတနာရွှေဂူကျောင်းရှိ ရှေးဟောင်းစေတီတော်တစ်ဆူ ထီးတော်ပြိုကျပြီး အနီးအနားဝန်းကျင်က အဆောက်အအုံအချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သင်္ကြန်ကာလနောက်ပိုင်း ဒေသအများစုမှာ အပူချိန်‌တွေမြင့်တက်နေသလို မိုးကြီးပြီး လေပြင်းတိုက်ခတ်ထား၊ မိုးကြိုးပစ်တာတွေဖြစ်နေပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဧပြီ၂၈ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့မြောက်ဦးမြို့မှာ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နေချိန် မိုးကြိုးပစ်လို့ ဒေသခံတစ်ဦးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်နေ ၄နာရီခန့်ကစပြီး ‌မိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီ ပျက်စီးခဲ့ပါတယ်။ ဒေသခံတွေဟာ လုံလောက်တဲ့အကူအညီမရကြဘူးလို့ သိရပါတယ်။

နွေအကုန်မိုးအကူးကာလတွေမှာ လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားပါတယ်။

ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်အပါအဝင် ဒေသခုနစ်ခုမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နိုင်ပြီး လေပြင်း ဘေးအန္တရာယ်ကိုလည်း သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးပါတယ်။

သတင်း

ဩဂုတ်-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် သီပေါမြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ဩဂုတ် ၁၈ရက် မနက် ၉နာရီခွဲတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတဦးနှင့် အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ သီပေါမြို့အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်ရှိ ပြည်သူများရှိရာသို့ ဗုံးများကြဲချ...

သတင်း

ဒေသအများအပြားကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီကယနေ့(ဩဂုတ် ၁၈ရက်) နံနက် ၉နာရီခွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။