Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ရှေ့​နေအဖွဲ့တွေ့ဆုံမယ်လို့ ရိုက်တာသတင်းဌာန​ဖော်ပြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့ အခုသီတင်းပတ်ကုန်မှာ တွေ့ဆုံခွင့် ရမယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်က ဧပြီ ၃၀ရက် ည ၈ နာရီသတင်းမှာ ပြသခဲ့တဲ့ သတင်းဓါတ်ပုံမှ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံကို ဘယ်ကာလမှာရိုက်ထားတာကို​တော့မသိရပါဘူး။ဓါတ်ပုံ-MRTV Screen Grab

​မေ-၁၊၂၀၂၆။People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့ အခုသီတင်းပတ်ကုန်မှာ တွေ့ဆုံခွင့် ရမယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ၅ နှစ်ကျော် မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံခဲ့ရတဲ့ နိုင်ငံခေါင်းဆောင်ကို အိမ် ပြောင်းရွှေ့မယ်လို့ စစ်တပ်က ဧပြီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပြီး အခုတော့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရမယ့်အကြောင်း ရှေ့နေအဖွဲ့ဝင် တစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာပဲ ရှိနေသေးတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု အပြီးကတည်းက စစ်တပ်ရဲ့ မတရား ဖမ်းဆီးမှု၊ စွဲချက်အမျိုးမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှုတွေကို ခံနေခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးယိုယွင်းလာကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သလို သူ့ကို ဘယ်နေရာမှာ ဖမ်းဆီးထားမှန်းတောင် တိတိကျကျ မသိရတဲ့ အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိသေးရဲ့လားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆို လှုပ်ရှားမှုတွေလည်း ရှိလာခဲ့ပါတယ်။

နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့မှု သတင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကလည်း အတည်ပြုထားပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာ အဲဒီသတင်းကို စစ်တပ် ဩဇာခံ မီဒီယာတွေက ကြေညာခဲ့ပြီး နှစ်အတော်များများအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ဓာတ်ပုံကို ထုတ်ပြန်ပြသခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက မေလ ၃ ရက်နေ့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို မေးမြန်းဆွေးနွေးသွားမှာဖြစ်ပြီး လိုအပ်မယ့် ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားမယ်လို့ သိရပါတယ်။

အပြောင်းအလဲတချို့တော့ရှိလာခဲ့ကြောင်း၊လာမယ့်တွေ့ဆုံမှုဟာပုံမှန်ထောင်ဝင်စာသွားတွေ့တဲ့ အခြေအနေမျိုးမဟုတ်ဘဲဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ကြား ဆွေးနွေးမယ့် ကိစ္စတွေလည်း ရှိလာမှာဖြစ်ကြောင်းသတင်းရင်းမြစ်က Reutesဆီ ပြောကြားခဲ့တယ်လို့​ဖော်ပြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေး တင်းကျပ်ထားတဲ့ တရားခွင်တွေမှာ စစ်ဆေးခဲ့ပြီး မတရားစွဲချက်တွေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ အဲဒီနောက် အဂတိမှု၊ ရွေးကောက်ပွဲ မသမာမှုစတဲ့ ပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီ ပြစ်ဒဏ်ကို ကနဦးအဖြစ် ၂၇ နှစ်ထိ လျှော့ချခဲ့ပြီး လက်ကျန် ပြစ်ဒဏ်ကိုလည်း ခြောက်ပုံတစ်ပုံ ထပ်ပြီး လျှော့ပေါ့မယ်လို့ နှစ်ဆန်းတစ်ရက်နေ့မှာ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ မြနမာနိုင်ငံရဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို စစ်တပ်ကပြန်လွှတ်ခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင်အဖြစ်ကနေစစ် ယူနီဖောင်းချွတ်ပြီး သမ္မတ ရာထူးရယူထားတဲ့ မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာဖိအားပေးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook