Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဂျပန်တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

(နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံ-Reuters)

မေ-၁၊ ၂၀၂၆။ People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေးအတွင်းဝန်က မြန်မာနိုင်ငံမှာ ဦးဝင်းမြင့်ကို ဧပြီ ၁၇ ရက်က လွတ်ငြိမ်းပေးခဲ့တာနဲ့ ဧပြီ ၃၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ပြောင်းရွှေ့ခဲ့တဲ့ အခြေအနေတွေကို ဦးစွာဖော်ပြပါတယ်။ ထုတ်ပြန်ချက်မှာ ဦးဝင်းမြင့်ရဲ့ ရာထူး နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ အသုံးအနှုန်ရတွေကို ရည်ညွှန်းဖော်ပြခြင်း မရှိပါဘူး။

ဒါပေမဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအခြေအနေတိုးတက်လာစေဖို့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်းနဲ့ လတ်တလောဖြစ်ထွန်းလာမှုတွေကို အနီးကပ်စောင့်ကြည့်နေကာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေအဖြစ်မှတ်ယူကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအခြေအနေမရေမရာဖြစ်နေဆဲအတောအတွင်း အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်သူတွေအကြား စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတို့လို နိုင်ငံရေးဆိုင်ရာတိုးတက်မှုရှိလာဖို့ ဂျပန်အစိုးရက မျှော်လင့်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဘဝတွေတိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်တဲ့ အခြားသော အားထုတ်မှုတွေကိုလည်း ဂျပန်အစိုးရက မျှော်လင့်ကြောင်း ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။