Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ​​နေရာပဲ​ပြောင်းထားမှုဓားစာခံ ဒီပလိုမေစီသာဖြစ်တယ်လို့ Suu Foundation ပြော

မတရားပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်​တော်မှာ အိမ် ပြောင်းထားတယ်ဆို​ပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်ကို ဓားစာခံ ဒီပလိုမေစီ (Hostage Deplomacy)လို့ Suu Foundationက ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

(Suu Foundation ရဲ့အခမ်းအနားတစ်ခုမှာ လူထု​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-The Nation)

​မေ-၄၊၂၀၂၆။People’s Spring

မတရားပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်​တော်မှာ အိမ် ပြောင်းထားတယ်ဆို​ပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်ကို ဓားစာခံ ဒီပလိုမေစီ (Hostage Deplomacy)လို့ Suu Foundationက ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

ဧပြီလ ၃၀ မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကိုသတ်မှတ်ထားတဲ့အိမ်ကိုပြောင်းလဲ ထားရှိမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Suu ​ဖောင်​ဒေးရှင်း ရဲ့ မေလ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ကနေ နေပြည်တော်မှာရှိတဲ့ တရားဝင် မထုတ်ပြန်တဲ့ အိမ်လိပ်စာ တစ်ခုဆီ ပြောင်းရွှေ့ပေးခြင်း ခံရတယ် ဆိုတဲ့အကြောင်း စစ်တပ် သတင်းရင်းမြစ်တွေဆီကနေ ကြားသိရှိရကြောင်း ​​ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက်သင့်တင့်လျောက်ပတ်တဲ့ ပြောင်းလဲ သတ်မှတ်ပေးမှုတိုင်းကို ကြိုဆိုကြောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေကို ခံခဲ့ရတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်တဲ့ စောင့်ရှောက် ကုသမှုတွေ ခံယူသင့်သလို မိသားစု၊ ရှေ့နေတွေနဲ့လည်း ဆက်သွယ်ခွင့် ရသင့်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားရာကနေ နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲပေးခြင်းဟာ ဓားစာခံ ဒီပလိုမေစီ တစ်ခုသာဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် တိုးတက်မှုတွေ ရရှိလာစေဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကိုလွှတ်ပေးဖို့လိုအပ်ကြောင်းလည်း Suu Foundationက ပြောကြားခဲ့ပါတယ်။

Suu Foundation အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အချုပ်အနှောင် အားလုံးကနေ လုံးဝဥဿုံ လွှတ်ပေးဖို့၊ ရန်လိုတိုက်ခိုက်နေမှု အားလုံး ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အဲဒီ အခြေအနေတွေနဲ့ ပြည့်စုံလာမှသာ စစ်မှန်ပြီး အစုအဖွဲ့စုံ စုစည်းပါဝင်နိုင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မျိုးဆီ ဦးတည်နိုင်မှာ ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

Suu Foundation ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ကဏ္ဍတွေမှာ ရေရှည် ထောက်ပံ့ အားပေးခဲ့တဲ့ ရပ်တည်မှုကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ပြီး နာကျင်မှု၊ ရန်လိုမှုတွေကို အဆုံးသတ်အောင် အားထုတ်နေသူတွေ၊ မြန်မာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေနဲ့ ကိုက်ညီအောင် လည်ပတ်နေတဲ့ အုပ်ချုပ်မှု အစုအဖွဲ့တွေ အားလုံးနဲ့အတူလည်း Suu Foundationက တစ်သားတည်း ရှိနေမယ်လို့ဆိုပါတယ်။ပြီးတော့ တည်ငြိမ်မှုနဲ့ ပြည်သူတွေအတွက် တရားမျှတမှုတွေကို ယူဆောင်ပေးနိုင်မယ့် အဓွန့်ရှည်တဲ့ ငြိမ်းချမ်းမှုမျိုးကို မြန်မာကိုယ်တိုင် ဖန်တီးတည်ဆောက်ယူနိုင်မယ့် အခြေအနေကိုလည်း အစွမ်းကုန် အားပေး ကူညီသွားမယ်လို့ Suu Foundationက ထုတ်ပြန်ခဲ့ပါတယ်။

Suu Foundationဟာ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံမှာ မှတ်ပုံတင်ထားခဲ့တဲ့ ပရဟိတ အသင်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။အဖွဲ့အစည်းကအဓိကပံ့ပိုးဖို့ရည်ရွယ်ထားတဲ့ကဏ္ဍတွေကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်း စာနာမှု နယ်ပယ်တွေ ဖြစ်ကြပါတယ်။

ကိုးကား-Suu Foundation

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန် မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။