Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ “Proof of Life” လှုပ်ရှားမှုတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၄)မှာ ပြုလုပ်ခဲ့ပါတယ်။

မေ ၄၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၄)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေက မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ “Proof of Life” လှုပ်ရှားမှုပြုလုပ်ကာ တောင်းဆိုခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊အသက်အန္တရာယ်အတွက် ကျွန်တော်တို့ ပြည်သူတွေ စိုးရိမ်မိပါတယ်။ စစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ဘယ်ကာလက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံအချို့ထုတ်ပြသော်လည်း ဒါဟာ တိကျခိုင်လုံတဲ့ သက်သေမဟုတ်ပါ။ ကျွန်တော်တို့ လိုချင်တာက ဓာတ်ပုံမဟုတ်၊ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေသာဖြစ်တယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

အညာမြေမှ စစ်ရှောင်ပြည်သူတွေက “အမေစုကို ဓာတ်ပုံမဟုတ်ဘဲနဲ့ အသံတွေ အရုပ်တွေ လှုပ်ရှားမှုတွေနဲ့ သက်သေပြပေးပါ” ၊ “အမေစုကို သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးပါ” လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေက “အမေစု ကျန်းမာပါစေ” လို့ ကြွေးကြော်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေစေဖို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရုပ်သံ – Maung Kaung Facebook၊ အညာပစ်တိုင်းထောင်လေးများ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook