Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်မှာမောင်နှမသုံးဦးချောင်းအတွင်းရေချိုးရင်းရေနစ်သေဆုံး

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။

(ချောင်းအတွင်း ရေနစ်သေဆုံးတဲ့ ကလေးတွေကို ဆယ်ယူရှာဖွေနေစဉ်။ ဓာတ်ပုံ - CJ)

မေ -၁၀၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။

ဒီကနေ့(​မေလ ၁၀ ရက်) မနက် ၁၁နာရီဝန်းကျင်ကမထောခူကျေးရွာအနီးကသဲချောင်းမှာ ရေဆင်းချိုးရင်း ရေနစ်ပြီး မောင်နှမသုံးဦးလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ချောင်းလို့သာ ပြောတာ။ရေသေဖြစ်နေတဲ့နေရာပါ။ဖြစ်ချင်းတော့ ကောင်မလေးက ရေမကူးတက်ဘူး။သူ စနစ်ပြီး ကျန်တဲ့ကလေးနှစ်ယောက်က လိုက်ဆယ်ရင်း ပါသွားကြတာ”လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ် မတင်တင်စန်းဦး၊ အသက်(၁၉)နှစ်အရွယ်မောင်စိုးသီးဟ နဲ့ အသက် (၂၀)အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရှာဖွေတွေ့ရှိတယ်လို့ အသိပေးပါတယ်။

“ကလေးတွေက တဝမ်းကွဲမောင်နှမတွေ အရင်မော်ချီးမှာနေကြပြီးအခု လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်မှာနေကြတာ”လို့ လွိုင်ကော်မြို့နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးရက်ကလည်း လွိုင်ကော်မြို့၊ ဘီလူးချောင်းထဲမှာ လူသေအလောင်းတွေ့ရှိခဲ့တာအပြင် ဧပြီ ၂၇ ရက်ကလည်း အမျိုးသားရုပ်အလောင်းတွေ့ရှိလို့ ဆယ်ယူသဂြိုလ်ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။