Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ဒုံမြို့ကို စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး ၃ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

(ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို KNUက ၂၀၂၄ မတ်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က အခု မေလမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တာပါ။

ကျိုက်ဒုံမြို့အဝင် တံတားရဲ့ တဖက်ကမ်း နို့တကောမြို့နယ်(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်) အတွင်းရှိ ပြည်သူနေအိမ်များကို မေလ ၂၄ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာရာ အရပ်သား ပြည်သူ အမျိုးသမီး (၃) ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ လူနေအိမ် (၂) လုံးနဲ့ အိမ်စီးကား ပျက်စီးခဲ့ဟု အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်း စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းလုပ်ရပ်ဖြစ်ကြောင်း KNUက ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျိုက်ဒုံမြို့ကို အရင်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ရွာတွေ က ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျိုက်ဒုံမြို့ရဲ့ စစ်တပ်ဗျူဟာစခန်းကို KNU ပူးပေါင်းတပ်က ၂၀၂၄ မတ်လမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဗျူဟာမှူးအပါအဝင် အရာရှိစစ်သည် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ရာ လက်နက်ကြီး လက်နက်ငယ်နဲ့ ကျည်ခဲယမ်းများစွာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။