Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

(၂၀၂၁ ဖေဖော်ဝါရီက ရေစကြိုမြို့ပေါ်မှာ အေးချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

မေ ၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်‌နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆန်၊ ဆီတင်မကဘူး အရက် ဘီယာတွေရော တောင်းတယ်လို့သိရပါတယ်။ ငတရော် ၂ ဦးတော့ ပြန်လွတ်လာတယ်လို့သိရပါတယ်။ ကျန်လူတွေတော့ မသိရသေးဘူး။”လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ လက်နက်ကိုင်ပျူစောထီးတွေ စခန်းချတပ်စွဲထားတဲ့ မင်းရွာကျေးရွာရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ယခုလိုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း အာဏာသိမ်းစစ်တပ်က မြို့ပေါ်နဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook