Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(တောင်ကုတ်မြို့ကို သိမ်းပိုက်အပြီး AAတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk)

ဇွန်-၁၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ဇွန် ၁ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်ကနေ ၁၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာပါ။

“တောင်ယာဘက်တွေကို ကြဲတာ။ ကျနော်တို့နဲ့တော့ဝေးတယ်။ အထိအခိုက်ရှိမရှိကို သတင်းစောင့်နေတာ။ ကျနော်တို့နဲ့ဝေးပေမယ့်လည်း ဗုံးကျင်းထဲမှာပဲ နေကြရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကုတ်မြို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နဲ့ ရခိုင်ရိုးမခြားပြီး ဆက်စပ်နေပါတယ်။ ပန်းတောင်းမြို့နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မေလ ၄ရက်ကနေ မေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေ သေဆုံးမှုများနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော်AAနဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။