Connect with us

Hi, what are you looking for?

သတင်း

AAဖမ်းခဲ့တဲ့သင်္ဘောလှရွာသား၈၉ဦးကိုပြန်လွှတ်ပေး၊ သင်္ဘောလှရွာသား ၃၀ ဦးခန့်ကိုမူပြန်မလွှတ်​သေး

စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်တဲ့အစည်းအဝေးတခုမှာနားလည်မှုလွဲမှားပြီးဆူပူအုံကြွမှုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားခဲ့တဲ့ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်သင်္ဘောလှရွာသားတွေထဲက ၈၉ ဦးကို ဇွန်လ ၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

(AAတပ်ဖွဲ့ဝင်​တွေက သင်္ဘောလှရွာမှပြည်သူ​တွေကို ပြန်လွှတ်​ပေးစဥ်။ ဓါတ်ပုံ- The NDF waves)

ဇွန်-၄၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်တဲ့အစည်းအဝေးတခုမှာနားလည်မှုလွဲမှားပြီးဆူပူအုံကြွမှုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားခဲ့တဲ့ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်သင်္ဘောလှရွာသားတွေထဲက ၈၉ ဦးကို ဇွန်လ ၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

သက်ကြီးရွယ်အို၊အမျိုးသမီး၊ကလေးငယ်တွေအပါအဝင် ရွာသားတရာကျော်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကAAက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးပြီး ၁၂ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေးငယ် ၂၈ ဦး ပါဝင်ပါတယ်။

“လူငယ်ပိုင်းတွေတချို့တော့ ပြန်မလွှတ်သေးဘူး။ သုံးဆယ်လောက် ကျန်အုံးမယ်။ ကြည့်ရတာ အဲဒါတွေကိုစစ်မှုထမ်းပို့ဖို့ ခေါ်ထားလိုက်တာထင်တယ်။ ပြန်လွှတ်ရင်လည်း လွှတ်လောက်တယ်။

Public Service Announcement

Public Service Announcement

မလွှတ်ဖို့တော့ များတယ်။ လွှတ် ရင် အကုန်လွှတ်ပေးစေချင်တယ်” လို့ ဖြစ်စဥ်ကိုသိတဲ့ မောင်တောဒေသခံ လူငယ်တဦးက ပြောပါတယ်။

ရွာသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ သင်္ဘောလှရွာဟာ သက္ကမ(ဒိုင်းနက်)လူမျိုးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတာကြောင့် ရပ်ရွာလုံခြုံရေးအတွက်စစ်သင်တန်းပေးဖို့ အစည်းအဝေးခေါ်၊ သွားဆွေးနွေးခဲ့တာဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

စစ်မှုထမ်းခေါ်ဖို့ ရွာသားတွေနဲ့ ဆွေးနွေးတဲ့အခါ ရွာသားတွေက နားလည်မှုလွဲမှားပြီး AA တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုပုံစံနဲ့ တုတ်ဆွဲ၊ ဓါးဆွဲ ဆူပူအုံကြွမှုလုပ်ခဲ့တာကြောင့် ကလေး၊ အမျိုးသမီးတွေကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါ တယ်။

အဲဒီလိုအစည်းအဝေးအတွင်းAAကရွာသားတွေကို ရိုက်နှက်တာ၊ သေနတ်ဖောက်ခြိမ်းခြောက်တာတွေ ရှိခဲ့ပြီး ချက်ချင်းလွှတ်ပေးဖို့ သက္ကမလူမျိုးအဖွဲ့အစည်းတွေက ထုတ်ပြန်ချက်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ကအာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA) ဟာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်(NDEP)ကို ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှာ ပြဌာန်းပြီးစစ်မှုထမ်းခေါ်ယူတာတွေ လုပ်နေခဲ့တာပါ။

အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ ၄၅ ရက် ကြာ စစ်သင်တန်းတက်ပြီး နှစ်နှစ်ကြာ စစ်မှုထမ်းရမယ့် အဲဒီဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။အဲဒီပြဌာန်းချက်ကို ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အချို့မှာစတင်အကောင်အထည်ဖော်နေတာပါ။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိပြီး ရွာသားတွေ မကြာခဏအ

သတ်ခံရတဲ့ ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသတွေမှာတော့ စစ်မှုထမ်းလူဦးရေ တိုးခေါ်တာတွေ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

မောင်တောခရိုင်မှ AA လက်အောက်ခံ ဝန်ထမ်းတဦးက “ဒီဘက်မှာကတော့ စစ်မှုထမ်းဆိုပေမယ့် အဓိက ရွာလုံ ခြုံရေးအတွက် ခေါ်တာပါ။ အဲဒါကို တချို့က နားလည်မှုလွဲတာပေ့ါ။ တပ်တော်ကလူတွေကလည်း စစ်သားတွေ ဆိုတော့ ပြေပြေလည်လည် မရှင်းပြဘူး။ဟိုဘက်ကလည်း နားလည်မှုလွဲ၊ ဒေါသထွက်ရင် ဒီဘက်ကလည်း ပြန် ဒေါသထွက်ဆိုတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိပြီး ထင်းရှာ၊ ဟင်းခူး၊ စျေးဝယ်သွားလာကြတဲ့ ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ AA စစ်ကြောင်းတွေကို ခြုံခို တိုက်ခိုက်တာတွေ မကြာခဏ လုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၁၃ ဦး ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မအပါအဝင် တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုပုဒ်မတို့နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။