Connect with us

Hi, what are you looking for?

သတင်း

တောင်မော်ဦးရေတပ်စခန်းအနီးက ကာကင်းစခန်းအားများစုကို AA သိမ်းပိုက်

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး (​တောင်မော်ကြီး)ရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်းမှာ စစ်တပ်ရဲ့ရှေ့တန်းကင်းစခန်းအချို့ကို AAကထပ်မံသိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

​တောင်​မော်ဦး (​တောင်​မော်ကြီး)​ရေတပ်စခန်း ၊စနဲမြို့နဲ့ ကျောက်ဖြူမြို့ကို မြေပုံ​ပေါ်မှာ​တွေ့ရစဥ်

ဇွန်-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး (​တောင်မော်ကြီး)ရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်းမှာ စစ်တပ်ရဲ့ရှေ့တန်းကင်းစခန်းအချို့ကို AAကထပ်မံသိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို AA က ထိုးစစ်အရှိန်မြင့်ကာ တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ အဲဒီစစ်ကြောင်းတွေကို သိမ်းပိုက်လိုက်တာပါ။

“အ၀တောင်နားက စခန်း၊ စစ်ကြောင်းတခုပဲ ကျန်တော့တယ်။ တခြားဘက်က စစ်ကြောင်းတွေအကုန် အထဲ၀င်ပြေးသွားကြပြီ။ စစ်ကြောင်း သုံးခုလောက်ရှိမယ် ဒီတရက်၊ နှစ်ရက်မှာ ကိုယ့်ဘက်က သိမ်းလိုက်နိုင်တာ။ အခု တောင်မော်ဦး ရေတပ်ထဲနဲ့ အ၀တောင်နားမှာ လာစုနေကြတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၄ ဖေဖော်ဝါရီလက ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်သင်္ဘောတစ်စီး။ ဓါတ်ပုံ-AA Infodesk

ပြီးခဲ့တဲ့ တပတ်လောက်ကလည်း တောင်မော်ဦးရေတပ်စခန်းအနီး၀န်းကျင်ရှိ စစ်စခန်းကို AA က တိုက်ခိုက်ခဲ့ပြီးအရာရှိအပါအဝင် အလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

“အ၀တောင်က ကောင်တွေ ပြတ်ရင်တော့ ရေတပ်ထဲ ရောက်ပြီ။ဒီတခုပဲ ကျန်တော့တော့ ကိုယ့်ဘက်ကလည်း အသည်းအသန်အလုပ်လုပ်နေကြတယ်”လို့ အထက်ပါမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းမှာ အခြေစိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ကြားလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဖို့ ထွက်လာခဲ့တာဖြစ်ပေမယ့် အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်၊ သိမ်းပိုက်နေတာပါ။ စစတပ်ဟာ အထိနာနေတာကြောင့် တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကို စက်လှေတွေနဲ့ ရွေ့ပြောင်းနေပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ အင်အား ထပ်ဖြည့်နေတာတွေလည်း ရှိနေတယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ AA ထိုးစစ်ကြောင့် စစ်ကြောင်းတွေ အကျအဆုံးများ၊ အထိနာကာ လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတာဖြစ်ပါတယ်။

“လေယာဉ်နဲ့ နေဗီကို အဓိက အားကိုးတယ်။ နေဗီက နေ့တိုင်းပစ်တယ်၊ လူတွေဆို နေလို့ မရတော့ဘူး။ စစ်မနိုင်ရင် ပြည်သူတွေကို နှိပ်စက်တယ် ဒီအယုတ်ကောင်တွေက” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိရမ်းဗြဲမြို့နယ်အားလုံးနဲ့ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောကြားထားပါတယ်။

လက်ရှိမှာ ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာပါ တိုက်ပွဲပြင်းထန်နေပြီး ထိုးစစ်အဟုန်ကို မလျော့ဘဲ ဆက်လက်တိုက်ပွဲပြင်းလာဖို့ပဲ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။