Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်(၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် (၈.၁)မိုင် လမ်းလျှောက်လှုပ်ရှားမှု ဗြိတိန်ရောက်မြန်မာတွေ ပြုလုပ်

ဓာတ်ပုံ - Stars of Myanmar Friendship

ဇွန်-၇၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၁)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်(၈.၁)မိုင်လမ်းလျှောက်လှုပ်ရှားမှုအဖြစ် ဇွန်လ ၆ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီလမ်းလျှောက်လှုပ်ရှားမှုကို Stars of Myanmar Friendship အဖွဲ့ဝင်တွေကလုပ်ခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့ရှိ သိမ်းမြစ်ကို ပတ်ကာ (၈.၁) မိုင်လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် “We Demand Proof of Life” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့လည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)