Connect with us

Hi, what are you looking for?

သတင်း

PDF တွေ မန္တလေးတိုင်းမှာစစ်ရေးဖော်ဆောင်မှု ခလရ(၄)တပ်ရင်းမှူးဗိုလ်မှူးနေထွန်းအောင် သေဆုံး

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

(မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု မြင်ကွင်းများ။ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

ဇွန် -၁၄၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကမန္တလေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ခဲ့မှုများကို PDF တပ်မတော်ကဒီကနေ့(ဇွန်လ ၁၄ )မှာထုတ်ပြန်ခဲ့ရာ မေလ နဲ့ ဇွန်လပထမပတ်အတွင်း PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းမှူး ၁ဦးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးသတင်းများကို ထုတ်ပြန်ခဲ့ရာမေလနဲ့ ဇွန်လ ပထမပတ်အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၁၈ဦးသေဆုံးကာဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းဖော်ပြပါတယ်။

အဲဒီအထဲမှာ ထီးချိုင့်မြို့ စစ်ဆင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်နေသော ခလရ (၄)တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနဲ့ တပ်ကြပ်အောင်ဇော်ဇော်တို့ကို မန္တလေးတိုင်းအတွင်း တနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူးရဲ့ ပြန်တမ်းဝင်အမှတ်ကိုလည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

(မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု မြင်ကွင်းများ။ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင်မန္တလေးတိုင်းမှတဆင့်စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည် နယ်သို့ ဦးတည် ထိုးစစ် ဆင်လျက်ရှိသော စစ်တပ် စစ်ကြောင်းတွေကို PDF တပ်တွေနဲ့ မဟာမိတ် တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ရဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ ဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို သူ့နေရာ အစားထိုးတာဝန်ယူတဲ့ အမှတ်(၄) လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနဲ့ စစ်တပ် ဒရုန်းအဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့ရာ ဒုတပ်မဟာမှူးလည်း ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုကို အသိပေးထားရာ စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း အသိပေးပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း PDF တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့လက်နက်ခဲယမ်း တင် မော်တော်ယာဉ် နှစ်စင်း မီးလောင်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ကြောင်း အသိပေးပါတယ်။

(မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု မြင်ကွင်းများ။ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမကြဖို့ PDF တပ်မတော် က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ