Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းမှာရပ်ကွက်အချို့ရေဘေးသင့်နေ

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

ဓာတ်ပုံ - မီးသတ်

ဇွန် – ၂၂ ၊၂၀၂၆ /People’s Spring

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

ဇွန်လ ၁၉ ရက်ကစတင်ပြီးအနိမ့်ပိုင်းရပ်ကွက်တွေမှာရေဝင်ရောက်လာတဲ့အတွက်နေအိမ်တွေရေမြှုပ်လာတာကြောင့်ရေဘေးကြုံနေရသူတွေကို ထမင်းထုပ်ဝေတာတွေ ရှိနေပါတယ်။

“တချို့နေရာလေးတွေဆို ရေက သုံးပေကနေ လေးပေလောက်အထိ ဝင်တာရှိတယ်၊ အခုလောလောဆယ်တော့ လက်လှမ်းမိသလောက်ကို လူမူရေးအဖွဲ့တွေ ထမင်းထုပ်ဝေတာတွေ၊ ကယ်ဆယ်ရေးတွေ ပေါင်းလုပ်နေကြရတယ်”လို့ ရေဘေးကူညီရေးလုပ်ဆောင်နေသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးကောင်းမြို့ပေါ်က မြို့ဦး ရပ်ကွက်၊ စျေးကုန်း၊ အိုးတန်း၊ ကျွန်းတော ၊ အထက်ရှမ်းစု စတဲ့ ရပ်ကွက်တွေမှာ ရေကြီးနေတာပါ။

ရေဘေးသင့် ပြည်သူတွေ ခိုလှုံဖို့အတွက် ဈေးကုန်းရပ်ကွက်ရှိ သာသနာ့ဗိမာန်၊ နောင်ကိုင်တော်ရပ်ကွက်ရှိ အရှေ့ရပ်ဓမ္မာရုံ၊ အလယ်ရပ်ကွက် မြို့နာမ်ဓမ္မာရုံ၊ကျွန်းတောရပ်ကွက်ရှိ နှီးဘုရား ၊မိုးလုံလေလုံခန်းမ၊ နန့်ရင်းရပ်ကွက် တရုတ်ဘုံကျောင်းမှာ ရေဘေးစခန်းတွေပြင်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

သတင်း

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ဆောင်းပါး

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။