Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာခရီးသည်တင်ကားနှစ်စီးတိုက်မိပြီးသုံးဦးသေဆုံး

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

ဓာတ်ပုံ - မီးသတ်

ဇွန် – ၂၂ ၊၂၀၂၆ ၊ People’s Spring

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

ဒီနေ့ မနက် ၃ နာရီဝန်းကျင်ကအမြန်လမ်းမိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ရတနာဖြိုးကားလိုင်းကကားကိုရွှေမန္တလာကားလိုင်းကားကနောက်ကနေ ဝင်တိုက်မိတာလို့သိရပါတယ်။

အဲဒီယာဉ်တိုက်မှုမှာအမျိုးသားသုံးဦးသေဆုံးပြီး သူတို့တွေ ရတနာဖြိုးကားလိုင်းကယာဉ်မောင်းအကူ ၊ ရွှေမန္တလာယာဉ်လိုင်းက ယာဉ်မောင်းနဲ့ယာဉ်အကူတို့ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ရတနာမြို့ကားလိုင်းက အသက် ၂၀ ခန့် ယာဉ်အကူဟာ ကားနောက်ပိုင်းမှာသွားရောက်နားနေချိန်ယာဉ်တိုက်မှုနဲ့ကြုံပြီး သေဆုံးတာလို့ သိရပါတယ်။

ဒါအပြင်ခရီးသည်တွေဖြစ်တဲ့အမျိုးသားသုံးဦးနဲ့ ကိုရင်တစ်ပါးလည်း ဒဏ်ရာရလို့ ဖြူးဆေးရုံမှာ ကုသနေရပါတယ်။

ရန်ကုန် – မန္တလေး လမ်းပိုင်းမှာပြီးခဲ့တဲ့မေလအတွင်းမှာတင် ယာဉ်တိုက်မှု ၁၀ ကြိမ်ဖြစ်ခဲ့ပြီး လူလေးဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook