Connect with us

Hi, what are you looking for?

သတင်း

စမ်းရေမိုးဇာတ်ပွဲသွားကြည့်တဲ့ ကားတစ်စီး လမ်းဘေးချောက်ထဲထိုးကျ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ စမ်းရေမိုးဇာတ်ပွဲလာကြည့်တဲ့ ပရိသတ်ရဲ့ကားတစ်စီး လမ်းဘေးချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လမ်းဘေးချောက်ထဲ ထိုးကျသွားသော ကားအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)

ဇွန် ၂၄၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ စမ်းရေမိုးဇာတ်ပွဲလာကြည့်တဲ့ ပရိသတ်ရဲ့ကားတစ်စီး လမ်းဘေးချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၁ ရက် ညနေပိုင်းက မြစ်သားမြို့နယ်၊ လောင်းတော်ဦးကျေးရွာသွားတဲ့ လမ်းတနေရာမှာ Honda Insight ကားတစ်စီးဟာ သုံးဘီးဆိုက်တွဲကို ရှောင်ရင်း လမ်းဘေးချောက်ထဲ ထိုးကျသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကားပေါ်ပါသူတွေဟာ လောင်းတော်ဦးကျေးရွာ၊ မြေစွန်ကုန်းဘုရားထီးတော်အောင်ပွဲနဲ့ ဘုရားဒါယကာရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ စမ်းရေမိုးဇာတ်ပွဲကို သွားကြည့်တဲ့ ပရိသတ်တွေဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လူတွေပါလားလို့ စိတ်ပူပြီးဆင်းကြည့်တာ။ သူတို့က ကားထားခဲ့ပြီး ပွဲကို ရောက်သွားပြီပြောတယ်။ ဘယ်သူမှဘာမှမဖြစ်ဘူးတဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါလမ်းဟာ ကျဥ်းမြောင်းပြီး အကွေ့ပေါများတာ၊ နယ်ခံမဟုတ်လို့ လမ်းမကျွမ်းတာတွေကြောင့် ချောက်ဲထိုးကျခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်တုန်းကလည်း အမရပူရမြို့နယ်၊ မြစ်လောင်းစံပြကျေးရွာမှာ ကျင်းပခဲ့တဲ့ စမ်းရေမိုးဇာတ်ပွဲလာကြည့်တဲ့ ပရိသတ်တစ်ဦးရဲ့ကားတစ်စီးလည်း ပွဲခင်းမှာ ထားခဲ့ရင်း အခိုးခံလိုက်ရပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကာလကစလို့ ပျော်ပွဲ၊ရွှင်ပွဲ ပွဲလမ်းသဘင်တွေ လုပ်စေခဲ့ပြီး ဇာတ်သဘင်ဖျော်ဖြေပွဲတွေကအစ မကြာခဏ လုပ်ခိုင်းခဲ့ပါတယ်။ အောင်ဇမ္ဗူနဲ့ စမ်းရေမိုးဇာတ်တွေဟာ စစ်တပ်အလိုအတိုင်း နယ်လှည့်ကပြနေပြီး တစ်ညကတိုင်း ပရိသတ်ရဲ့ ဆုငွေ သိန်းရာချီ ရရှိနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။