Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ‌တကျော့ပြန် ရေကြီး၊ ကမ်းပါးနဲ့ နွံကန်ပြိုကျလို့ လူဆယ်ချီသေဆုံးပြီး နေအိမ်တွေ ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ဦးထက်မနည်း သေဆုံးသလို နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြုံတွေ့နေရပါတယ်။

(ဖားကန့် မြို့နယ်က နေရာတချို့ ရေကြီးနစ်မြုပ်နေသည်ကို ဇွန်လ ၂၈ရက်မနက်ပိုင်း တွေ့ရစဉ်။ ဓာတ်ပုံ - HWO)

ဇွန်-၂၈၊၂၀၂၆။စိုင်းနောင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ဦးထက်မနည်း သေဆုံးသလို နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြုံတွေ့နေရပါတယ်။

ဇွန်လ၂၇ရက် မနက်ပိုင်းကစပြီး တကျော့ပြန်မိုးကြီးပြီးတဲ့နောက် နန့်မှော်ကျေးရွာအပါအဝင် ကျေးရွာချို့မှာ ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေ ဖြစ်နေတာလို့ဒေသခံတွေက ပြောပါတယ်။

” နန့်မှော်က ညဘက်ကမ်းပါး ပြိုကျတာ။ မျက်မြင်အရ ရေမဆေး၂၀လောက် မျောပါသွားတယ်။ဒီမနက် ဆယ်တာ ၄လောင်းရပြီ။ သေချာတာကတော့ ဆယ်ဦးထက်မနည်းသေဆုံးတယ်ဗျ။ မိုးအရမ်းများတယ်”လို့ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စွန့်ပစ်မြေဇာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေးရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကို လတ်တလောမှာ မသိရသေးပါဘူး။

ဖားကန့်ဒေသမှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။

ဇွန်လ ၂၂ရက်မှာ ရေပြန်ကျပေမယ့် ယခုတခါ နောက်တစ်ကြိမ်ရေ ဘေးကြုံတွေ့တာဖြစ်ပါတယ်။

ပထမအကြိမ်ရေကြီးစဉ်က ဇွန်လ ၁၆ရက်နဲ့ ဇွန်လ၂၁ရက်မှာ တောင်ကျရေနဲ့ မြေပြိုလို့ လူ ၂ဦးသေဆုံးခဲ့ပါတယ်။

ကျောက်စိမ်းတူးဖော် ရေးလုပ်ကွက်တွေအများအပြားရှိတဲ့ ဖားကန့်ဒေသဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေ နှစ်စဉ်ရင်ဆိုင် နေရပါတယ်။

ပြီးခဲ့တဲ့မေလက နေဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့်လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

လက်ရှိရာသီဥတု အခြေအနေအရ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ ရေဘေးနဲ့ မြေပြိုမှုဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

Facebook