Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အဆက်ဆက်အခါတော်ပေးခဲ့တဲ့ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့အသတ်ခံရ

စစ်အာဏာရှင်အဆက်ဆက်အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ်ဟာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဘုန်းကြီးဝတ်နေစဉ် အသတ်ခံလိုက်ရပါတယ်။

ဇူလိုင်-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်အာဏာရှင်အဆက်ဆက်အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ်ဟာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဘုန်းကြီးဝတ်နေစဉ် အသတ်ခံလိုက်ရပါတယ်။

ဒေါက်တာဖေဉာဏ်ဟာစန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဦးပညာဝံသဘွဲ့အမည်နဲ့ ဘုန်းကြီးဝတ်နေသူဖြစ်ပြီး သူသတင်းသုံးနေတဲ့ကျောင်းခန်းအတွင်း ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကိုဇူလိုင်လ၂ ရက်နေ့မနက်ပိုင်းမှာ တွေ့ခဲ့တာလို့မှော်ဘီမြို့ခံတစ်ဦးကပြောပါတယ်။

“သူက စစ်တပ်ရဲ့အခါတော်ပေး လုပ်မှန်းကို ပတ်ဝန်းကျင်မှာနေသူတွေကသိတယ်။ သူကလည်းခဏခဏထုတ်ထုတ်ပြောတယ်။ ဗေဒင်‌ဟော၊ ယတြာတွေပေးတော့လည်း အဲဒီဘုန်းကြီးကျောင်းမှာကလူစည်တယ်။ အခုကတော့ ဘယ်လိုကနေဘယ်လိုအသတ်ခံရလဲမသိဘူး”လို့ မှော်ဘီမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းကမှော်ဘီမြို့၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းမှာ ရှိတာပါ။ဇူလိုင်လ၂ရက်နေ့မနက်ပိုင်းမှာကျောင်းပြင်ပကိုထွက်မလာလို့ အခန်းကို ဖွင့်စစ်ဆေးတော့မှ သေဆုံးနေတာကိုတွေ့တာလို့သိရပါတယ်။

” ပုဂ္ဂိုလ်ရေးလည်းဖြစ်နိုင်တာပဲ။မကျေနပ်လို့သတ်တာလည်းဖြစ်နိုင်တယ်။သူက ဦးသန်းရွေနဲ့ ဦးသိန်းစိန်ရဲ့ လူရင်းပဲလေ။ စစ်တပ်နဲ့ ပေါင်းပြီး လုပ်စားတဲ့လူလေ”လို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဗေဒင်ဆရာတဦးကပြောပါတယ်။

ဒေါက်တာဖေဉာဏ်ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုကြီး သန်းရွှေနဲ့ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ အခါတော်ပေးအနေနဲ့ စစ်အာဏာရှင်ဘက်မှာရပ်တည်ခဲ့တာပါ။ သေဆုံးချိန်မှာ အသက်၇၅နှစ်ရှိပြီဖြစ်ပြီး ဦးသိန်းစိန် ‌လက်ထက်မှာ ဘုန်းကြီးဝတ်သွားတာလို့ သိရပါတယ်။

“စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကို ၂၀၂၀အစပိုင်းမှာသုံးတယ်။နောက်တော့ သိပ်မသုံးဘူး။အခုအမှုကို ရဲတွေရောစစ်တပ်က လာစစ်နေတယ်”လို့မှော်ဘီမြို့၊အမှတ်(၂) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိအာဏာသိမ်းခေါင်းဆောင်ရဲ့ အခါတော်ပေးအနေနဲ့နာမည်ကြီးတာကတော့ ကျိုင်းတုံမြို့မှာနေတဲ့ ဝစီပိတ်ဆရာတော်ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမကြာခဏသွားရောက်တွေ့ဆုံလေ့ရှိပါတယ်။ ဝစီပိတ်ဆရာတော်ကိုလည်း ဝိနည်းနဲ့မညီတဲ့ သံဃာတော်အဖြစ် လူထုကပြစ်တင်ဝေဖန်ရှုတ်ချမှုတွေရှိနေပါတယ်။ ၎င်းဟာ ကျိုင်းတုံမြို့ကသတင်းသုံးတဲ့ကျောင်းမှာစစ်တပ်လုံခြုံရေး​​​ပေးထားတယ်လို့ ​စစ်တပ်တွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဒေါက်တာဖေဉာဏ်အသတ်ခံရမှုကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးနေပြီး ဒေသခံတွေကိုဖိအားပေးပြီးစစ်ဆေးမယ့်သတင်းကြောင့် စိတ်ရှုပ်နေရတယ်လို့ မှော်ဘီမြို့ခံအချို့ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ကလူမိုက်​တွေကို အုပ်ချုပ်​ရေးပိုင်းလုပ်ခိုင်းတာ၊စစ်တပ်နဲ့ လူမိုက်ပျူ​စောထီး​တွေ​ပေါင်းပြီး ပြည်သူ​တွေကိုဖိနှိပ်တာ ၊စစ်တပ်အာဏာသိမ်းမှု​ကြောင့် တိုင်းပြည်စီးပွားပျက်ပြီးစားဝတ်​နေ​ရေးကြပ်တည်းကာ ဒုစရိုက်မှု​တွေပိုများလာတာ ၊စစ်တပ်က​တော်လှန်​ရေးနဲ့ဆက်စပ်သူ​တွေကိုသာ ဖမ်းဆီးအ​ရေးယူဖို့အာရုံစိုက်ပြီး၊ ဒုစရိုက်မှု​တွေ လူမိုက်​တွေအ​ပေါ် အာရုံမစိုက်တာ​ကြောင့် စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှု ရာဇဝတ်မှု​တွေ ပိုများလာတယ်လို့ ပြည်သူ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

Facebook