Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနဲ့ စဉ့်ကူးမှာလှုပ်တဲ့ငလျင်ရှမ်း၊ မန္တလေး၊ စစ်ကိုင်းအထိ ခံစားရ

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

Screenshot

ဇူလိုင်-၁၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

ဇူလိုင်လ၁၇ရက် မနက် ၇နာရီ ၅၆မိနစ်မှာရွှေဘိုမြို့အနီးမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီးလှုပ်သွားတာလို့ အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS) က ထုတ်ပြန်ပါတယ်။

အဆိုပါငလျင်ကို စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လိုက်မြို့အထိ ခံစားရပြီး မန္တလေးတိုင်းထဲက မြို့နယ်တွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေအထိ ခံစားလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

“လှုပ်ချိန်ကသာမန်ထက်ကိုကြာတယ်။ မနှစ်ကမန္တလေးမှာအားပြင်းငလျင်လှုပ်ပြီးနောက်ပိုင်း ကျတော်တို့ဆီ ပထမဆုံး ပြန်လှုပ်တာ” လို့ ဖောင်းပြင်မြို့ခံတစ်ဦးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကတော့ အဆိုပါငလျင်ဟာ နောင်ချိုမြို့အနီးကို ဗဟိုပြုတာလို့ ထုတ်ပြန်ပါတယ်။

ဒါအပြင်မန္တလေးတိုင်း၊ စဥ်ကူးမြို့အနီးမှာ လည်း ဇူလိုင် ၁၇ ရက်မနက် ၈ နာရီ ၁၂ မိနစ်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီးလှုပ်ခဲ့တာငလျင်ဟာရစ်ခ်တာစကေး ၄ဒဿမ၁ အင်အားရှိငလျင်လှုပ်ခဲ့တယ်လို့​ MoSLHA က​ဖော်ပြပါတယ်။ ငလျင်ကြောင့် ထိခိုက်မှုသတင်းကို​တော့မကြားရ‌သေးပါဘူး။

ဒါ့အပြင်ဇူလိုင်လ ၁၂ရက် မနက်ပိုင်းကလည်း စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ၄ အဆင့်ငလျင်လှုပ်ခဲ့ပါတယ်။

ရွှေဘိုနဲ့ စဉ့်ကူးမြို့ဟာ စစ်ကိုင်းပြတ် ရွေ့ဖြတ်သွားပြီး ယခင်ကလည်း ငလျင်တွေမကြာခဏလှုပ်ဖူးသလို ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ဇူလိုင်လထဲမှာ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ ငလျင်တွေ မကြာခဏလှုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီက​နေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။