Connect with us

Hi, what are you looking for?

ဆောင်းပါး

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ဓဝင်ဧကရာဇ်ကြီး မက်ဆီနှင့် ထီးနန်းဆက်ခံမယ့် အိမ်ရှေ့မင်းသား ယာမယ်လ်တို့ရဲ့ ကံကြမ္မာပုံပြင်နဲ့ သမိုင်းဝင်ထိပ်တိုက်တွေ့ဆုံမှု

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

– သီဟံ ရေးသားသည်။

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

စပိန် (နည်းပြ လူးဝစ် ဒီလာဖွန်တေ (Luis de la Fuente) က ပြောခဲ့ပါတယ်။

“မက်ဆီဟာ ကလေးငယ်တော်တော်များများနဲ့ ဓာတ်ပုံ ရိုက်ဖူးနိုင်တာမို့ ဒါဟာ တိုက်ဆိုင်မှု တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားကို ယုံကြည်တဲ့ သူတွေအတွက်တော့ တိုက်ဆိုင်မှုဆိုတာ ဘုရားကသူ့နာမည်မခံဘဲ လုပ်ဆောင်သွားတဲ့ အရာတစ်ခုလို ပါပဲ။ ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းရင်းတစ်ခု ရှိပါတယ်” လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကမ္ဘာ့ဖလားမှာ မက်ဆီနဲ့ ယာမယ်လ်တို့ရဲ့ ဇာတ်လမ်းကို ကြည့်လိုက်ရင် လူတော်တော် များများကလည်း ဒီလိုပဲ ခံစားမိ နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အဲဒီဓာတ်ပုံဟာ တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် ထူးခြား နေလို့ပါ။

၂၀၀၇ ခုနှစ် ခရစ်စမတ်ကာလအနီးမှာ ဘာစီလိုနာအသင်းနဲ့ ယူနီဆက်ဖ် (UNICEF) ပူးပေါင်းပြီး အလှူပြက္ခဒိန် တစ်ခု အတွက် အသင်းကစားသမားတွေကို ကလေးငယ်တွေနဲ့ အတူ ဓာတ်ပုံ ရိုက်ခိုင်း ခဲ့ပါတယ်။

အဲဒီအချိန်မှာ အသက် ၂၀ မပြည့်သေးတဲ့ လီယိုနယ်မက်ဆီ (Lionel Messi) က ပြက္ခဒိန်မှာ ဇန်နဝါရီလ အတွက် ပါဝင်ခဲ့ပြီး၊ သူနဲ့အတူ ဓာတ်ပုံ ရိုက်ခဲ့တဲ့ ကလေးငယ်လေး ကတော့ လေးလသား အရွယ် လာမင်းယာမယ်လ် ဖြစ်နေခဲ့ပါတယ်။

ဓာတ်ပုံဆရာဂျိုအန် မွန်ဖော့တ် (Joan Monfort) ကသူ့သမီးကို ရေချိုးပေးတဲ့ အချိန်က စိတ်ကူး ရခဲ့ပြီး ပလတ်စတစ်ရေချိုးကန်လေးနဲ့ ရော်ဘာဘဲလေးကိုအသုံးပြုခဲ့ပါတယ်။

အဲဒီအချိန်မှာ မက်ဆီကလည်း လူရှေ့ထွက်ရတာ ရှက်တတ်တဲ့ လူငယ်တစ်ယောက်သာ ဖြစ်ပြီး၊ လာမင်းယာမယ်လ် ကတော့ ဘယ်သူမှ မသိသေးတဲ့ကလေးငယ်လေးတစ်ယောက်ပါ။

ဒီထက်ပိုပြီး ဘယ်သူမှ မသိခဲ့ကြတာကတော့… အဲဒီကလေးငယ်လေးဟာ တစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်လာမယ် ဆိုတာပါပဲ။ ဓာတ်ပုံဆရာ မွန်ဖော့တ်ဟာ အဲဒီပုံကို အခြားဓာတ်ပုံ ထောင်ပေါင်းများစွာ ထဲမှာ သိမ်းထားခဲ့ပါတယ်။ အဲဒီပုံဟာ ဘယ်လို ကံကြမ္မာတွေရဲ့ ရှေ့ပြေးဖြစ်လာမလဲ ဆိုတာ သူလည်းမသိခဲ့ပါဘူး။

နှစ်ပေါင်းများစွာကြာပြီးနောက် ယူရို (Euro) ၂၀၂၄ ပြိုင်ပွဲအချိန်မှာ လာမင်း ယာမယ်လ်ရဲ့ဖခင်က အဲဒီပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

စာသားကတော့ “ဂန္ထဝင်နှစ်ယောက်ရဲ့အစ” လို့ ရေးသား ခဲ့ပါတယ်။

အဲဒီနောက် လာမင်းယာမယ်လ်ဟာ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲမှာ အံ့အားသင့်စရာ ဂိုးတစ်ဂိုး သွင်းယူပြီး စပိန်ကို ယူရိုဖိုင်နယ် တက်စေ ခဲ့ပါတယ်။

မက်ဆီနဲ့ ယာမယ်လ်တို့ရဲ့ ဘဝလမ်းကြောင်းတွေမှာလည်း ထူးခြားတဲ့ တူညီမှုတွေ ရှိပါတယ်။မက်ဆီဟာ အသက် ၁၂ နှစ်အရွယ်မှာ အာဂျင်တီးနားကနေ ဘာစီလိုနာကို ရောက်လာ ခဲ့ပါတယ်။လာမင်းယာမယ်လ်လည်း ကာတာလိုနီးယားမှာ မွေးဖွားပြီး ရိုကာဖွန်ဒါ ဆိုတဲ့ အဆင့်နိမ့်တဲ့ လူ့အသိုင်းအဝိုင်း ကနေ တက်လာခဲ့သူပါ။

မက်ဆီက အာဂျင်တီးနားအသင်းကို ရွေးချယ်ခဲ့သလို၊ ယာမယ်လ်ကလည်း စပိန်အသင်းကို ရွေးချယ် ခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ သူတို့မွေးရပ်မြေထက် အခြားနေရာ တစ်ခုမှာ အောင်မြင်မှုရဖို့ ခရီးစခဲ့ကြ သူတွေပါ။

လူအများက ယာမယ်လ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ကြပေမဲ့ ယာမယ်လ်ကိုယ်တိုင် ကတော့ ငယ်ဘဝမှာ အားကျခဲ့တဲ့ သူက နေမာဖြစ်ပါတယ်။သူ့ရဲ့ကစားပုံထဲမှာလည်း နေမာလို ပျော်ရွှင်မှု၊ ဖန်တီးနိုင်စွမ်းနဲ့လမ်းပေါ်ကဘောလုံးရဲ့ လွတ်လပ်မှု တွေကို တွေ့ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကတော့သူ့ကိုမက်ဆီနဲ့ဘဲ နှိုင်းယှဉ် နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ငယ်ငယ်နဲ့ သူလုပ်ပြ နေတဲ့ အရာတွေက မက်ဆီရဲ့အစောပိုင်းကာလနဲ့ဆင်တူ လွန်းနေလို့ပါ။

မက်ဆီ တစ်ခါက ပြောခဲ့ပါတယ်။ “လက်ရှိမျိုးဆက်သစ်ကစားသမားတွေထဲမှာ တစ်ယောက် ရွေးရမယ် ဆိုရင် လာမင်း ယာမယ်လ်ကို ရွေးမယ်။ သေချာပါတယ်၊ သူက အကောင်းဆုံးပါ” လို့ပါ။

ယာမယ်လ်ကလည်း ပြန်ပြောခဲ့ပါတယ်။ “ကွင်းထဲမှာ ကျွန်တော်တို့တွေ့ရင် အပြန်အလှန်လေးစားမှုရှိမှာပါ။ ကျွန်တော့် အတွက်တော့ သူက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားပါ” လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ မယုံနိုင်စရာ ဇာတ်လမ်းတစ်ခု ဖြစ်လာတော့မှာပါ။

စပိန် နဲ့ အာဂျင်တီးနားဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံအသက် ၁၉ နှစ်အရွယ် လာမင်းယာမယ်လ်နဲ့ အသက် ၃၉ နှစ်အရွယ် လီယိုနယ်မက်ဆီ။

၂၀၀၇ ခုနှစ်က မက်ဆီရဲ့လက်ထဲမှာ ရှိခဲ့တဲ့ ကလေးငယ်လေးဟာ အခုတော့ မက်ဆီနဲ့အတူ ကမ္ဘာ့ဘောလုံး စင်မြင့်ပေါ်မှာ ရပ်နေပါပြီ။

အဲဒီဓာတ်ပုံကနေစခဲ့တဲ့ ဇာတ်လမ်းဟာ…တိုက်ဆိုင်မှုလား? ကံကြမ္မာလား?

ဒါမှမဟုတ် ဘောလုံးလောကရဲ့ အလှဆုံးအမွေအနှစ် တစ်ခုလား? အဖြေကိုတော့ကမ္ဘာ့ဖလားဖိုင်နယ်ကဆုံးဖြတ်ပေးသွားမှာပါ။

တစ်ချိန်က ကလေးငယ်လေး တစ်ယောက်ကို လက်ထဲမှာ ချီပွေ့ထားခဲ့တဲ့ မက်ဆီ.. နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီကလေးဟာ သူ့ရှေ့မှာ ရပ်နေတဲ့ ဘောလုံးလောကရဲ့ မျိုးဆက်သစ် ဓူဝံကြယ်တပွင့်လို တောက်ပပြီး ထီးနန်းဆက်ခံဘို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါဟာ ဘောလုံးပွဲတစ်ပွဲရဲ့ အဖြစ်အပျက် သာမက ကံကြမ္မာက ရေးသားထားတဲ့ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာ ခဲ့ပါတယ်။

ကိုးကား – The Gardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက် တွေ့ဆုံကြမယ့် ကမ္ဘာကျော် ဘောလုံးသမား နှစ်ဦးရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက အမှတ်တရ ဓာတ်ပုံကို ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြန်လည် မျှဝေခဲ့ပါတယ်။

နိုင်ငံတကာ

ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

နိုင်ငံတကာ

ပရိသတ်တွေအတွက် ထူးကဲတဲ့ နိုင်ပွဲတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့ကြောင်း အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။

Facebook