Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းက စစ်တပ်ထိုးစစ်ခုခံနေတဲ့ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်းပြည့်မီရေး ပါဝင်ပေးကြဖို့ ချင်းတပ် CPU တိုက်တွန်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

(ချင်းတောင်းပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် စားသောက်ရေးပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ - CPU / CPA Fundraising)

ဇူလိုင် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

ချင်းတောင်ပိုင်းရှေ့တန်းမှာတိုက်ပွဲဝင်လျက်ရှိတဲ့ ရဲဘော်တွေအတါက် “ရိက္ခာ” Fundraising campaign ကို CPU/ CPA ထောက်ပို့ဌာနက ဦးဆောင်ပြီး ပြုလုပ်လျက်ရှိရာ ကမ်ပိန်း တလအတွင်း ဆန်အိတ်ရေ ၂၀၀၀ ရရှိရေး သတ်မှတ်ထားတာပါ။ ဆန်အိတ်တစ်အိတ် ကျပ်တစ်သိန်းခွဲ( ၁၅၀၀၀၀ကျပ်) ဖြစ်တယ်လို့ အသိပေးထားပါတယ်။

“ခုထိတော့ ရည်မှန်းထားတဲ့ Target-ဆန်အိတ် ၂,၀၀၀ ရဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ ပါဝင်မှုက အရမ်းတန်ဖိုးရှိပါတယ်။ ပါဝင်ကူညီသူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။မပါဝင်ရသေးတဲ့သူတွေကို လည်း ပါဝင်ကူညီပေးဖို့တောင်းဆိုပါတယ်” လို့ CPU/CPA ထောက်ပို့ဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့တန်းစစ်မြေပြင်မှရဲဘော်များအတွက် လိုအပ်သောရိက္ခာပစ္စည်းများထောက်ပံ့ပေးနိုင်ဖို့ တက်နိုင်သမျှ ပါဝင်အားဖြည့်ပေးကြဖို့ ထပ်လောင်း နှိုးဆော်ထားပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်းကို စစ်ကူအင်အားတွေ ထပ်ဖြည့်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ဒီကနေ့ ဇူလိုင် ၂၀ရက် မနက်ပိုင်းမှာလည်း စစ်တပ်က မင်းတပ်မြို့အနီးနေရာတွေကို လေယာဉ်နဲ့၉ကြိမ် ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။