Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက ဆိုင်ကယ်တွေကို ဝင်တိုက်လို့ ၂ ဦးသေ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Thalang police station

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက် ညပိုင်းတုန်းက သာလန်ခရိုင်မှာရှိတဲ့ ရေတံခွန်တစ်ခုဆီ သွားရာလမ်းမှာ အသက် ၄၂ နှစ်အရွယ် အောင်မင်းဦး မောင်းနှင်လာတဲ့ အနက်ရောင် Suzuki ပစ်ကပ်ကားက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ် ၄ စီးကို ဝင်တိုက်ခဲ့တာလို့ ထိုင်းရဲတွေက ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ၂ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးကတော့ ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေဟာ အသက် ၂၄ နှစ်နဲ့ ၆၀ ကြား အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ထင်ရှားတဲ့ အပန်းဖြေမြိုက ဖူးခက်မှာရှိတဲ့ တွန်ဆိုင် ရေတံခွန်ဆီ အဝင်လမ်းမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ ရဲတွေ့ ဆိုပါတယ်။ ရေတံခွန်ဖက်ကနေ မောင်းထွက်လာတဲ့ ကားဟာ ပထမဆုံး မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တဲ့နောက် မောင်းပြေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မီတာ ၁၀၀ လောက် အကွာမှာတင် ကားရပ်သွားခဲ့ပြီး အဲဒီအတောအတွင်း နောက်ထပ် ဆိုင်ကယ်တွေကို ထပ်တိုက်မိခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲ ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူဟာ အရက်မူးနေပုံ ပေါ်တာကြောင့် စစ်ဆေးကြည့်တဲ့အခါ သွေးထဲမှာ အယ်လ်ကိုဟော ပါဝင်မှုက ယာဉ်မောင်းဖို့ ခွင့်ပြုထားတဲ့ ပမာဏထက် ၅ ဆလောက် ပိုများနေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ရဲတွေက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ ပစ်ကပ်ကားရဲ့ ရှေ့ဖက် ဘန်ပါကို သံယက်မ တစ်ခုနဲ့ အားဖြည့်ထားတာကို တွေ့ရပါတယ်။

ကားနဲ့အတိုက်ခံရလို့ ဒဏ်ရာရထားသူတွေကို ဆေးရုံတင်ပို့ခဲ့ပေမယ့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်တဲ့ ၂ ဦးကတော့ ဆေးရုံမှာ ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

ရဲတွေက အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေပြီး ကနဦး တွေ့ရှိချက်တွေအရ ပစ်ကပ် ယာဉ်မောင်းရဲ့ အရက်မူးပြီး အဆင်ခြင်မဲ့ မောင်းနှင်မှုက ဖြစ်ရပ်တစ်ခုလုံးရဲ့ အဓိက အကြောင်းရင်းလို့ မှတ်ယူထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Bangkok Post၊ Puhket Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

Facebook