Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မှာရေစီးနဲ့အတူအမျိုးသားတစ်ဦးမျောပါပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲကရွှေလှံရွာမှာ သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေကြီးနေပြီး ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါ ပြီး ပျောက်ဆုံးနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

ဝက်လက်မြို့နယ်အတွင်း ရေဘေးကြုံနေရပုံ ( ဓာတ်ပုံ - ဝက်လက် ပကဖ)

သြဂုတ် – ၈ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲကရွှေလှံရွာမှာ သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေကြီးနေပြီး ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါ ပြီး ပျောက်ဆုံးနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

တန့်ဆည်မြို့နယ် အရှေ့ခြမ်း၊ မူးမြစ်ကမ်းဘေးရှိ ရွှေလှံရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားဟာ မနေ့ (သြဂုတ်လ ၇ ရက် ) မနက် ၁၀ နာရီခန့်မှာ ရေစီးနဲ့အတူ မျောပါသွားတာလို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“အလောင်းတော့ ပြန်မရကြသေးဘူး” လို့ သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလောမှာကန့်ဘလူခရိုင် ၊ကျွန်းလှမြို့နယ်ကသဖန်းဆိပ်ဆည် အထက်ပိုင်းဒေသတွေမှာ မိုးကောင်းခဲ့တာကြောင့် ဆည်မှာ ရေပြည့်ပြီး စိုးရိမ်ရေအမှတ်အနီးရောက်ရှိနေလို့ သြဂုတ်လ ၅ရက်ကစတင်ပြီးရေကိုလျော့ချပေးနေရတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်အသိပေးထားပါတယ်။

သဖန်းဆိပ်ဆည်ကနေရေလွှတ်နေပြီးအဲဒီရေတွေဟာ ကာဘိုးဆည်ကနေတဆင့် မူးမြစ်ဆီရောက်ကာအောက်ဘက်သို့ ဆက်ဆင်းသွားတာပါ။

မူးမြစ်ဘေး ကကျေးရွာတွေရေဘေးကို သတိပြုကြဖို့နဲ့ ရိတ်သိမ်းပြီးတဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းကြဖို့ တော် လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

မူးမြစ်ရေဟာစစ််ကိုင်းတိုင်းထဲက ခင်ဦး၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နဲ့ စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူနယ်ဘက်တွေအထိ သက်ရောက်နေပြီး ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။