Connect with us

Hi, what are you looking for?

သတင်း

ပြင်းထန်ဝမ်းရောဂါကြောင့် ၁၉လမ်း ညဈေးတန်း ပိတ်ထား

ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော ရောဂါကြောင့် ၁၉ လမ်း ညဈေးတန်းက ဆိုင်တွေအကုန်ပိတ်ထားရပါတယ်။

( နာမည်ကျော် ၁၉လမ်း ဈေးလမ်းကို ဒီကနေ့ ညပိုင်းမှာ တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ဩဂုတ်-၁၃၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော ရောဂါကြောင့် ၁၉ လမ်း ညဈေးတန်းက ဆိုင်တွေအကုန်ပိတ်ထားရပါတယ်။

“ယာယီပိတ်ဖို့ပြောတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး” လို့ ၁၉လမ်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဆိုင်တွေအကုန်ပိတ်ထားရတာကြောင့် အမြဲတမ်းစည်ကားနေတဲ့ ၁၉ လမ်းဟာ ဒီကနေ့ ညပိုင်းမှာတော့ တိတ်ဆိတ်နေပါတယ်။

Public Service Announcement

Public Service Announcement

လမ်းထဲမှာ ရှင်းလင်းနေတာကြောင့် နေထိုင်သူတချို့က လမ်းမပေါ်မှာထွက်ပြီး ဆော့ကစားနေကြတာတွေ့ရပါတယ်။

လမ်းသွားလမ်းလာအချို့ကလည်း ရှင်းလင်းနေတဲ့ ၁၉ လမ်းနဲ့ ဓာတ်ပုံရိုက်နေကြတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့နယ်အများစုမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှု မြင့်မားနေတာကြောင့် လမ်းဘေးဆိုင်တွေကို တစ်ပတ်လောက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ကမာရွတ်မြို့နယ် လှည်းတန်းတဝိုက်မှာတော့ လမ်းဘေးဈေးဆိုင်တွေ ပုံမှန်ဖွင့်ထားတာကို တွေရပါတယ်။

ရန်ကုန်မြို့ဆေးရုံကြီးမှာ ဩဂုတ် ၉ ကနေ ၁၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၀ ကျော်တက်ရောက်ကုသနေပြီး အသက်၉၂ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရသူ ငါးဆယ်ကျော်ရှိ တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

သတင်း

ကာလဝမ်း​ရောဂါဖြစ်ပွားသူ ၁၄၀​ကျော်ရှိ