Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုဟောင်းနေတဲ့ တိုက်လေယာဉ်တွေကို မွမ်းမံပြီး ဆီးရီးယား လေတပ် လေ့ကျင့်၊ အစ္စရေးက စောင့်ကြည့်နေ

ခေတ်နောက်ကျပြီး အိုမင်းဟောင်းနွမ်းနေတဲ့ စစ်လေယာဉ်တွေကို ဆီးရီးယားက မွမ်းမံပြင်ဆင်ပြီး ပြန်လည် အသုံးပြုဖို့ ကြိုးစားနေတဲ့အပေါ် အစ္စရေးက စောင့်ကြည့်နေကြောင်း သိရပါတယ်။

Screenshot

ခေတ်နောက်ကျပြီး အိုမင်းဟောင်းနွမ်းနေတဲ့ စစ်လေယာဉ်တွေကို ဆီးရီးယားက မွမ်းမံပြင်ဆင်ပြီး ပြန်လည် အသုံးပြုဖို့ ကြိုးစားနေတဲ့အပေါ် အစ္စရေးက စောင့်ကြည့်နေကြောင်း သိရပါတယ်။

အစ္စရေး မီဒီယာတွေက အစ္စရေး စစ်တပ်ဟာ မကြာသေးခင်က လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဆီးရီးယား Su-22 တိုက်လေယာဉ်နှစ်စီး လေ့ကျင့်ပျံသန်းမှု ဗီဒီယိုနဲ့ ပတ်သက်လို့ အလေးထား ဆန်းစစ်မှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်နောက်ကျပြီး အိုဟောင်းနေတဲ့ အဲဒီ တိုက်လေယာဉ်တွေဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုးလို့တော့ အစ္စရေး စစ်တပ်က ယူဆမထားကြောင်း သိရပါတယ်။

အစ္စရေးနဲ့ ဆီးရီးယားတို့ကြားမှာ ခါးသီးတဲ့ သမိုင်းကြောင်း ပြိုင်ဆိုင်မှုတွေ ရှိနေခဲ့ပါတယ်။ ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာအယ်လ်အာဆတ် ကြီးစိုးတဲ့ အစိုးရ ပြုတ်ကျသွားခဲ့ပြီးတဲ့နောက် အသစ်တက်လာတဲ့ ကြားကာလ တော်လှန်ရေး အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားလာနေပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ ဆီးရီးယားနဲ့ ပတ်သက်ပြီး သံသယနဲ့ ချဉ်းကပ်တဲ့ အမြင်ကို မပြောင်းသေးပါဘူး။

ဆီးရီးယား တော်လှန်ရေး အစိုးရဟာ အာဆတ် လက်ထက်တုန်းက အသုံးပြုခဲ့တဲ့ ဆိုဗီယက်လုပ် ခေတ်ဟောင်း စစ်လက်နက်တွေကို ပြန်လည် မွမ်းမံ ပြင်ဆင်ပြီး အသုံးချဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗီဒီယိုတွေထဲမှာ တွေ့ရတဲ့ Su-22 နှစ်စီးရဲ့ လေ့ကျင့် ပျံသန်းမှုဟာ အဲဒီ သတင်းတွေကို အတည်ပြုပေးနေပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းတုန်းက ဆီးရီးယား အနောက်မြောက်ပိုင်းက အစ်ဒ်လစ်ဘ် ဒေသမှာ Su-22 နှစ်စီး လေ့ကျင့်ပျံသန်းနေတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဆိုဗီယက် ပြည်ထောင်စုက ထုတ်လုပ်ရောင်းချခဲ့တဲ့ ဗုံးကြဲ တိုက်လေယာဉ်တွေဟာ သမ္မတဟောင်း အာဆတ် ကြီးစိုးခဲ့တဲ့ ခေတ်တုန်းက အသုံးပြုခဲ့တဲ့ အကြွင်းအကျန် စစ်လက်နက် အဟောင်းတွေထဲမှာ ပါဝင်ပါတယ်။

အစ္စရေးကတော့ ဆီးရီးယားရဲ့ သက်တမ်းရင့် လေယာဉ်အိုနှစ်စီး၊ လေယာဉ်မှူး အနည်းအကျဉ်းနဲ့ အပိုပစ္စည်း မယ်မယ်ရရ မရှိတဲ့ လေတပ်လှုပ်ရှားမှုတွေကို မစိုးရိမ်ကြောင်း၊ ဒါပေမဲ့ တူရကီ အစိုးရက ဆီးရီးယားရဲ့ လေ့ကျင့်မှုတွေနဲ့ တခြားစစ်ဘက် အကူအညီတွေ ပေးနေတာကိုတော့ သတိထား စောင့်ကြည့်နေကြောင်း စစ်ထောက်လှမ်းရေး အရင်းအမြစ်တွေက ဆိုပါတယ်။ လေ့ကျင့်မှုတွေပြီးရင် တူရကီရဲ့ ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေပါ ဖြန့်ကျက်လာနိုင်ခြေကို အစ္စရေးက အလေးအနက် စဉ်းစားနေပါတယ်။ တူရကီ အစိုးရဟာ အစ္စရေးအပေါ် တင်းမာတဲ့ သဘောထားမျိုး ရှိနေပါတယ်။

ဇူလိုင်လတုန်းက ဆီးရီးယား လေတပ်ဟာ လေတပ်သားသစ် ၁၀၀၀ အတွက် သင်တန်းဆင်းပွဲ ကျင်းပပေးခဲ့ပါတယ်။ အခမ်းအနားမှာတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ချက်နိုင်ငံမှာ ထုတ်လုပ်ခဲ့တဲ့ L-39 အမောင်းသင် လေယာဉ်ငယ် တစ်စီးကို ပျံသန်းပြခဲ့ပါတယ်။

၂၀၁၇၊ ဇွန်လတုန်းက အမေရိကန် ရေတပ်ရဲ့ F/A-18E တိုက်လေယာဉ် တစ်စီးဟာ မဟာမိတ် ကာ့ဒ်ပြောက်ကျားတွေကို လေကြောင်းကနေ ဗုံးကြဲနေတဲ့ ဆီးရီးယားလေတပ် SU-22 တစ်စီးကို ဒုံးကျည်နဲ့ ပစ်ချခဲ့ဖူးပါတယ်။

ကိုးကား: New Arab

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တော်လှန်ရေးတပ်တွေ ဖြုတ်ချတာ ခံခဲ့ရပြီး ရုရှားမှာ ထွက်ပြေး တိမ်းရှောင်နေရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဆီးရီးယား တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။