Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ်သင်္ဘောတွေ ပြည်ပမှာ တည်ဆောက်ဖို့ ထရမ့် ခွင့်ပြု

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့မှာ အိမ်ဖြူတော်က သမ္မတဆီက အခုခွင့်ပြုချက်အကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်တင် သင်္ဘောတွေပေါ်ကနေ လေယာဉ်တွေ လွှတ်တင်ရာမှာ နည်းပညာ မြင့်မားပေမယ့် ရှုပ်ထွေးလှတဲ့ လျှပ်စစ်သံလိုက် လွှတ်တင်စနစ် (EMALS)ကို စွန့်လွှတ်ဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

EMALSဟာ အမေရိကန် လေယာဉ်တင် သင်္ဘောတွေပေါ်ကနေ လေယာဉ်တွေ ပျံတက်ရာမှာ မြန်ဆန်ထိရောက်ဖို့ တီထွင်ထားတဲ့ နောက်ဆုံးပေါ် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အသုံးချမှု အပိုင်းမှာတော့ ရှုပ်ထွေးတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အခုတော့ ထရမ့်က လေယာဉ်တင် သင်္ဘောတွေမှာ အရင်က အသုံးပြုခဲ့တဲ့ ရေနွေးငွေ့ဖိအားနဲ့ လွှတ်တင်တဲ့စနစ်ကို ပြန်လည်ပြောင်းလဲ တပ်ဆင်ဖို့ ညွှန်ကြားချက်ကို လက်မှတ် ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် USS Gerald R. Ford အဆင့် လေယာဉ်တင်သင်္ဘော အသစ်တွေရဲ့ စတုတ္ထမြောက် တည်ဆောက်မယ့် ရေယာဉ်ကစပြီး EMALS စနစ်ကို စွန့်လွှတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ လိုအပ်မှာဖြစ်ပြီး အမေရိကန် ပြည်သူတွေရဲ့ အခွန် ဒေါ်လာ သန်းပေါင်း ရာနဲ့ချီ အပိုဆောင်း ကုန်ကျနိုင်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အရ အမေရိကန် ရေတပ်ဟာ ဆယ်စုနှစ်တွေ တော်တော်များများအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်ပနိုင်ငံတွေမှာ သင်္ဘောတွေ တပ်ဆင် တည်ဆောက်ဖို့လည်း ခွင့်ပြုချက် ရလာခဲ့ပါတယ်။ အမေရိကန် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ ထက်ထက်သန်သန် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြား သင်္ဘော ကုမ္ပဏီတွေဟာ မိခင်နိုင်ငံ အသီးသီးက သင်္ဘောကျင်းတွေမှာ အမေရိကန် ရေတပ်အတွက် သင်္ဘောနှစ်စီးထိ တာဝန်ယူ တည်ဆောက်ခွင့် ရလာမယ်လို့ ဆိုပါတယ်။ ဒီသတ်မှတ်ချက်အရ ဩစတြေးလျနဲ့ တောင်ကိုရီးယားလို နိုင်ငံတွေက သင်္ဘောကျင်း လုပ်ငန်းတွေဟာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်ပြီး အမေရိကန် ရေတပ် သင်္ဘောတွေကိုလည်း တည်ဆောက်ခွင့် ရလာဖွယ် ရှိနေပါတယ်။

စစ်ရေးသုတေသီတွေကတော့ အမေရိကန် ရေတပ်ဟာ သင်္ဘောအသစ်တွေ တည်ဆောက်မှု စွမ်းရည်မှာ တရုတ်ရဲ့ ဦးဆောင်မှုကို အမီလိုက်ဖို့ ရုန်းကန်နေရကြောင်း ထောက်ပြခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပေမယ့် သင်္ဘော အရေအတွက် အရတော့ တရုတ်ရဲ့ ရေတပ်က ကမ္ဘာပေါ်မှာ အကြီးဆုံး ဖြစ်လာပါတယ်။ တရုတ်ရေတပ်မှာ သင်္ဘော ၃၇၀ ကနေ ၄၀၀ ကျော်ထိ ရှိနိုင်ပြီး အမေရိကန် ရေတပ်ကတော့ သင်္ဘော ၂၉၀ ဝန်းကျင် ပိုင်ဆိုင်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Facebook