Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ လူယုံတော် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး နုတ်ထွက်မယ်လို့ ကြေညာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

ထရမ့်ကို ဆန့်ကျင်မှုဆန်တဲ့ မေးခွန်းမျိုးထုတ်တဲ့ သတင်းထောက်တွေကို မာမာထန်ထန် တုံ့ပြန်တတ်တာကြောင့်လည်း လီယာဗစ်က ပိုပြီး လူသိများပါတယ်။ အခုတော့ အဲဒီ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး နုတ်ထွက်တော့မယ် ဆိုတာကို ဩဂုတ် ၁၂ ရက်နေ့မှာ ထရမ့်က အတည်ပြုခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရ အမျိုးသမီး အဖြစ်ကနေ လီယာဗစ် နုတ်ထွက်ပြီးတဲ့တိုင်အောင် သူဟာ သမ္မတရဲ့ ထိပ်တန်း အကြံပေးအဖြစ် ဆက်ရှိနေမယ်လို့လည်း ထရမ့်က ဆိုပါတယ်။ လီယာဗစ်ဟာ အိမ်ဖြူတော်မှာ ထိပ်ဆုံးအဆင့် ပြောရေးဆိုခွင့်ရ အရာရှိ ရာထူးကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ် အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အံ့ဩစရာ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိချုပ်နဲ့ သူ့ရဲ့ အယုံကြည်ရဆုံး အကူအညီ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ လီယာဗစ်ဟာ အခုလကုန်ကျရင် ရာထူးကနေ အနားယူတော့မှာ ဖြစ်ကြောင်း၊ ဒါကလည်း သူ့မိသားစု၊ သူ့ရဲ့ ချစ်စရာ ကလေးတွေနဲ့အတူ ပိုပြီး အချိန်ယူ ဖြတ်သန်းနိုင်ဖို့ ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လီယာဗစ်ဟာ သူ့ရဲ့ အိမ်ဖြူတော်ပြင်ပ ထိပ်တန်း အကြံပေး အစုအဖွဲ့ထဲမှာ ဆက်ရှိနေပြီး ရီပတ်ဘလစ်ကန် ပါတီရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အသံကိုလည်း ဆက်ပြီး ပိုင်ဆိုင်နေမယ်လို့လည်း ထရမ့်က ပြောပါတယ်။

လီယာဗစ်ဟာ ဒုတိယ ကိုယ်ဝန်အတွက် ခွင့်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဧပြီလတုန်းက အိမ်ဖြူတော် သတင်းထောက်များ အစည်းအရုံး ညစာစားပွဲမှာ သေနတ်သမား တစ်ဦးက ထရမ့်ကို လုပ်ကြံဖို့ အားထုတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး သူ့ရဲ့ ခွင့်ယူမယ့် ကိစ္စကို ရွှေ့ဆိုင်းခဲ့ပါတယ်။ နောက်ထပ် ရက်ပိုင်းအကြာမှာတော့ သူဟာ ဗီဗီယန်ဆိုတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။

မီးဖွားပြီးလို့ အလုပ်ခွင်ဆီ ပြန်လာပြီး သီတင်းပတ်တချို့ အကြာမှာပဲ ဗီဗီယန်က ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သမ္မတကို ကိုယ်စားပြုရတဲ့ ပြောရေးဆိုခွင့်ရ အရာရှိချုပ်အဖြစ် ယုံယုံကြည်ကြည်နဲ့ သူ့ကို တာဝန်အပ်နှင်းခဲ့တဲ့အတွက် သမ္မတကို အထူးကျေးဇူးတင်သလို ဂုဏ်လည်းယူမိကြောင်း လီယာဗစ်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။

သူရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာက ကလေးတွေကို လုံလောက်တဲ့ အချိန်မပေးနိုင်ဘူးလို့ ခံစားရတာကြောင့်လို့လည်း လီယာဗစ်က ဖွင့်ဟထားပါတယ်။ လက်ရှိ အလုပ်တာဝန်တွေကို အာရုံနှစ်ထားရတဲ့အခါ ကလေးငယ်ငယ် နှစ်ယောက်အတွက် အကောင်းဆုံး မိခင် မဖြစ်နိုင်သလို ခံစားလာမိတယ်လို့ သူက ဆိုပါတယ်။

လီယာဗစ်ဟာ ထရမ့်ရဲ့ အနီးကပ် လူယုံတော် တစ်ဦးဖြစ်ပြီး ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း အိမ်ဖြူတော် ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက မဲဆွယ်ပွဲတွေမှာတော့ သူဟာ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။

Facebook