Connect with us

Hi, what are you looking for?

သတင်း

ဦးမင်းဇင်ကို တရုတ်ဖမ်းဆီးမှုဟာ မတရား ထိန်းသိမ်းမှုလို့ အမေရိကန် ကြေညာ

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

(ISP တည်​ထောင်သူဦးမင်းဇင်။ ဓါတ်ပုံ-ISP)

သြဂုတ်-၂၁၊၂၀၂၆။People’s Spring

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

ဩဂုတ်၂၀ မှာ အ​မေရီကန် ၊နိုင်ငံခြားရေး ဝန်ကြီးဌာနကဦးမင်းဇင်ဟာမတရားဖမ်းဆီးထိန်းသိမ်းခံရသူလို့ တရားဝင် သတ်မှတ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်ကိုမြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးရဲ့ Facebookစာမျက်နှာကဩဂုတ်၂၁ရက်မနက်ပိုင်းမှာမျှဝေထားခဲ့ပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်နိုင်ငံသား မင်းဇင်အား မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပါသည်။ ဘေဂျင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသော သို့မဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တိုက်တွန်းအပ်ပါသည်”လို့ သံရုံး ထုတ်ပြန်ချက်မှာ မြန်မာဘာသာနဲ့ ဖော်ပြထားပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စရပ် ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူပညာရှင် တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့တုန်းက တရုတ်ပညာရေး အဖွဲ့အစည်း တစ်ခုရဲ့ ဖိတ်ကြားမှုအရ ယူနန်ပြည်နယ်၊ကူမင်းမြို့လေဆိပ်ကို သွားရောက်ချိန်မှာ အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တယ်လို့ သံသယရှိတဲ့အတွက် ဦးမင်းဇင်ကိုထိန်းသိမ်းထားကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။

အခုတော့ အဲဒီဖမ်းဆီးမှုကိုမတရားထိန်းသိမ်းမှုလို့ အမေရိကန်ဖက်က တုံ့ပြန် ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာတရုတ်သမ္မတရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧည့်ခံကြိုဆိုမယ့် အစီအစဉ် မတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီကအခုထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ ဒါကြောင့်စက်တင်ဘာ ၂၄ ရက်နေ့မှာ နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံကြတဲ့အခါ ဦးမင်းဇင် လွတ်မြောက်ရေးကိုလည်း အမေရိကန်ဖက်က ထည့်သွင်း အဆိုပြုလာနိုင်ခြေ ရှိနေပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဦးမင်းဇင် လွတ်မြောက်ရေးအတွက် တရုတ်အပေါ် ပိုမိုဖိအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုထားကြပါတယ်။

ဦးမင်းဇင်ဟာ မြန်မာ့အရေးကို အထူးအာရုံစိုက် လေ့လာတဲ့ သုတေသန အဖွဲ့အစည်း ISP-Myanmarကို ထူထောင်ပြီး အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ တရုတ်ရဲ့ဖမ်းဆီးမှုကိုမခံရခင်တုန်းက ဦးမင်းဇင်ဟာ ထိုင်းနိုင်ငံမှာ အဓိက အခြေချခဲ့သလို အမေရိကန်နဲ့ မြန်မာတို့မှာလည်း နေထိုင်ခဲ့ပါတယ်။ သူဟာ အရင်ကလည်း တရုတ်ကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ သွားရောက်လေ့ ရှိခဲ့ပြီး တရားဝင် ဗီဇာ ရထားကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးကတော့ ဦးမင်းဇင်ဟာ လေဆိပ်မှာ အဖမ်းခံခဲ့ရပြီးတဲ့နောက်၁၁ ပါတ်လောက်ကြာအောင်အကြိမ်ကြိမ်အဖန်ဖန်စစ်ဆေး မေးမြန်းမှုတွေ၊သီးသန့်ခွဲပြီးချုပ်နှောင်ခံရတာတွေကြုံနေရကြောင်းပြောပါတယ်။

သူဟာ လေဆိပ်ကို ရောက်ပြီဆိုတာ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေဆီ ဖုန်းဆက် အသိပေး အကြောင်းကြားခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ နောက်ထပ် ၄၈ နာရီလုံးလုံး သူဘယ်ရောက်နေသလဲ ဆိုတာကို မိသားစုရော၊ လုပ်ဖော်ကိုင်ဖက်တွေပါ မသိခဲ့ရကြောင်း၊ အသက်ရှင်နေသေးရဲ့လား၊ ဘယ်သူက ဖမ်းသွားတာလဲ ဆိုတာကိုတောင် သိခွင့်မရခဲ့ကြကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။

နောက်ပိုင်းကျမှယူနန်ပြည်နယ်ထဲက အာဏာပိုင်တွေက ဦးမင်းဇင်ကို အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု သံသယရှိတဲ့အတွက် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန် သံရုံးဆီ အကြောင်းကြားခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ တရုတ်ဟာ ဓားစာခံ ဒစ်ပလိုမေစီကိုကာလကြာရှည် ကျင့်သုံးနေခဲ့ကြောင်း စွပ်စွဲကြပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထားပြီး သက်ဆိုင်ရာ နိုင်ငံနဲ့ ဆွေးနွေး စကားပြောရာမှာ အသာစီးယူတဲ့ နည်းမျိုးကို အသုံးပြုနေတယ်လို့ ဆိုလိုတာပါ။

ဦးမင်းဇင်လွတ်မြောက်ရေးတောင်းဆိုသူတွေနဲ့ ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်းတချို့ကဦးမင်းဇင်လွတ်မြောက်ရေးအတွက် အာရုံစိုက်ပေးဖို့လည်း ထရမ့်အစိုးရဆီ တိုက်တွန်း တောင်းဆိုထားကြပါတယ်။

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေး​တော်ပုံကြီးမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဘာကလေမြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုလေ့လာဆည်းပူး သင်ယူပြီး ပါရဂူဘွဲ့ ရခဲ့တယ်လို့ ရိုက်တာက​ဖော်ပြပါတယ်။ အဲဒီနောက် သူဟာ မြန်မာနိုင်ငံမှာ ISP-Myanmarကို ထူထောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှု အပြီးမှာတော့ နိုင်ငံရပ်ခြားဆီ ရွှေ့ပြောင်း အခြေစိုက်ခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။